ထောင်ဒဏ်၁၁နှစ်ချမှတ်ခံရသော အမေရိကန်သတင်းသမားDanny Fenster ဟာ ဒီကနေ့နိုဝင်ဘာလ၁၅ရက်နေ့မှာ ပြန်လည်လွတ်မြောက်သွားပါတယ်။Danny Fenster ကို နိုဝင်ဘာလ၁၁ရက်နေ့တုန်းက တရားရုံးကရာဇသတ်ကြီးဥပဒေပုဒ်မ၅၀၅(က)၊မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၁၇(၁)၊လူဝင်မှုဥပဒေပုဒ်မ၁၃(၁) အမှု၃ခုအတွက်ထောင်ဒဏ်၁၁နှစ်ချမှတ်လိုက်တာပဲဖြစ်ပါတယ်။ဒီကနေ့နိုဝင်ဘာလ၁၅ရက်နေ့မှာတော့Danny Fenster ကို လွတ်ငြိမ်းဖြင့်ပြန်လွှတ်ပေးလိုက်ပြီး တစ်ခါတည်းပြည်နှင်ဒဏ်ပါ ပေးလိုက်တယ်လို့သိရပါတယ်။

Danny Fenster

အမေရိကန်သတင်းသမားDanny Fenster ကို ထောင်ဒဏ်၁၁နှစ်ချမှတ်ခဲ့ပေမယ့်အခုလို ရုတ်တရက်ကြီးပြန်လွှတ်ပေးလိုက်တဲ့အပေါ်ပြည်သူများရဲ့စိတ်ဝင်စားမှုဟာလည်းမြင့်တတ်လျှက်ရှိပါတယ်။ 

Photo - Credit 

အမေရိကန်သတင်းသမားDanny Fenster ဟာFrontier Myanmar သတင်းဌာနတွင်လုပ်ကိုင်ခဲ့သူဖြစ်ပြီးမေလ၁၄ရက်နေ့တွင်ရန်ကုန်မှ မိသားစုရှိရာအမေရိကသို့အပြန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။

Danny Fenster

Danny Fenster ဟာ အကျဉ်းထောင်ထဲမှာ၅လကျော်ကြာနေထိုင်ခဲ့ပြီး ပြန်လည်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်သတင်းသမားDanny Fenster ကို ပြန်လွှတ်ပေးဖို့အမေရိကန်နိုင်ငံက မိသားစုဝင်များက ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့သလို အဖွဲ့အစည်းများစွာကလည်း ကြေညာချက်ထုတ်တောင်းဆိုမှုများရှိခဲ့ပါတယ်။

Danny Fenster
Danny Fenster
Danny Fenster

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။