ဘဝဆိုတဲ့ စကားနှစ်လုံးလေးသာ ရှိပေမဲ့ ဒီဘဝကို ကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူလွန်းလှပါဘူး။ပတ်ဝန်းကျင်မှာ ဘဝရဲ့ရိုက်ခတ်တဲ့လောကဓံကြောင့် ခက်ခဲစွာ ရှင်သန်နေရတဲ့လူတွေ အများကြီးပါ။အဝေးကြီးကို ပြေးကြည့်စရာမလိုလောက်အောင်ကိုပင် ပတ်ဝန်းကျင်မှာ ခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်နေရသူတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဘဝရဲ့လောကဓံပြင်းပြင်းထန်ထန် ရိုက်ခတ်ခံနေရသူတွေကိုလည်း ကိုယ်တတ်နိုင်သလောက် ဝေမျှပေးဖို့အတွက်  လူသားချင်းစာနာစိတ်ရှိဖို့လည်း လိုအပ်ပါတယ်။ဒီတစ်ခေါက်မှာလည်း ပြည်သူတစ်ဦးက သူ့ကို ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တဲ့ အဖွားရဲ့ ဖြစ်ရပ်လေးတစ်ခုကို ပြန်လည်ဝေမျှပေးခဲ့ပါတယ်။

Photo Credit - Arrpuu Tuu's Facebook

ညနေခင်းတစ်ခုမှာ သူ့ဆီသို့ ဖုန်း​ Call လေးတစ်ခု ဝင်လာတယ်လို့ဆိုပါတယ်။ သူဖုန်းကိုင်လိုက်တဲ့အချိန်မှာ တစ်ဖက်မှ  သားရေ အဖွားကို ကယ်ပါဦး ဆိုတဲ့ ငိုယိုနေတဲ့အဖွားရဲ့အသံကို ကြားလိုက်ရတယ်လို့ဆိုပါတယ်။သူလည်း အဖွားရဲ့ ငိုနေတဲ့အသံကို မခံစားနိုင်တဲ့အတွက် အဖွား ကျွန်တော်ကို ဖြေးဖြေးပြောပါနော် လို့ဆိုလိုက်တဲ့အခါ အဖွားက အိမ်လခ မပေးနိုင်တာ ၄ လရှိပြီဖြစ်တဲ့အတွက် အိမ်ရှင်က ဒီနေ့မှ မပေးရင် မနက်ဖြန်ဆို အိမ်ပေါ်က ဆင်းခိုင်းပြီး လူခေါ်လာပြီး ဖယ်ချမယ်လို့ ဆိုပြီး သူ့ကိုပြောတယ်လို့ ဆိုပါတယ်။

Photo Credit - ArrPuu Tuu's Facebook

အဖွားကို ကယ်ပါ သားရယ် ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ သူမနေနိုင်စွာနဲ့ပဲ အဖွား ကျွန်တော်လာခဲ့မယ် နော်ဆိုပြီး ပြောလိုက်ပါတယ်။အဖွားဆီသို့ သူရောက်သွားတဲ့အချိန်မှာ အဖွားက သူကို့ ကိုဗစ်ကာလကြောင့် ဘယ်သူမှလည်း အဝတ်လျှော်ဖို့ မခေါ်သလို ထဘီအဟောင်းလေးတွေလည်း ထွက်ရောင်းတာလဲ မဝယ်ကြတဲ့အတွက် အဖွားအနေနဲ့ အိမ်လခ ပေးဖို့ ဒုက္ခတွေ ရောက်နေတယ်လို့ သူ့ကို ဆိုပါတယ်။

Photo Credit - Arrpuu Tuu's Facebook

သူလည်း အဖွားလက်ရှိအခက်အခဲ ဖြစ်နေတဲ့ အိမ်လခကို ကူညီပေးလိုက်ပြီး အဖွားဟာ တော်တော်လေးကို ဝမ်းသာပီတိဖြစ်နေပြီး သူ့ကို ကျေးဇူးတင်ကြောင်းအထပ်ထပ်အခါခါပြောသလို ကျေးဇူးဆပ်တဲ့အနေနဲ့သူတို့အိမ်မှာ အဝတ်လာလျှော် ကြမ်းတိုက် သန့်ရှင်းရေး လာလုပ်ပေးချင်တယ်လို့ ဆိုပါတယ်။အဖွားကို ဒီလို လုပ်ပေးဖို့မလိုကြောင်းနဲ့ အဖွားသာ ကျန်းမာရေးဂရုစိုက်ဖို့ သူပြောလိုက်တယ်လို့ ဆိုပါတယ်။ပြည်သူဟာ ဒုက္ခရောက်နေတဲ့အဖိုးအဖွားများကိုတွေ့ရင်လည်းကိုယ်တတ်နိုင်သလောက်လေး ဝေမျှပေးဖို့ သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ မျှဝေထားတာကိုပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Arrpuu Tuu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။