မြန်မာ့နွေဦးမှာ ပေါ်ပေါက်လာခဲ့တဲ့ နွေဦးတော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေ၊ပြည်ပရောက် မြန်မာပြည်သူပြည်သားတွေဟာ တစ်ထောင့်တစ်နေရာကနေ  တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ပြီး တော်လှန်နေကြတာကို မြင်တွေ့ရမှာပါ။

Photo Credit - Zalen
Photo Credit - Zalen

ဒီတစ်ခေါက်မှာလည်း ဂျပန်ရောက် မြန်မာပြည်သူပြည်သားများက မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေး အထောက်အကူ ပြုဖို့အတွက် အလှူငွေ ကောက်ခံပွဲ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit - Zalen

ထိုအလှူငွေ ကောက်ခံပွဲကို နိုဝင်ဘာ ၁၄ ရက်မှာ ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ ရှိတဲ့ CYO - Japan အသင်းသားများနဲ့ တီးတိန်၊တွန်းဇံအဖွဲ့အစည်းများပူးပေါင်းကာ  တီးတိန် ၊တွန်းဇံအတွက် အလှူငွေကောက်ခံခဲ့ရာ  အလှူငွေ စုစုပေါင်း JPY 417,735 - မြန်မာငွေ သိန်း ၆၀ ကျော်ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ကောက်ခံရရှိထားသမျှ အလှူငွေ အားလုံးကို CYO - Japan မှ တီးတိန်၊တွန်းဇံ တာဝန်ခံဆီသို့ လွှဲအပ်ပေးပြီးကြောင်းလည်း သိရှိရပါတယ်။

Photo Credit - Zalen

အလှူငွေ ထည့်ဝင်ပေးကြတဲ့ ဂျပန်ပြည်သူပြည်သားများနဲ့ အလှုငွေကောက်ခံပေးတဲ့ ဂျပန်ရောက်မြန်မာပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိတယ်လို့လည်း ရေးသားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။