ပတ်ဝန်းကျင်မှာ အသက်အရွယ်ကြီးပြီးခက်ခဲစွာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ အဖိုးအို အဖွားအိုတို့ကို အားလုံးတွေ့ဖူးကြမှာပါ။ဒီတစ်ခါက်မှာလည်း အသက် ၈၀ ကျော် အဖိုးတစ်ယောက် မိုးရေထဲ ထီးမပါဘဲ မိုးကာလေးနဲ့ ဗန်ဒါစေ့လေးတွေရောင်းနေတဲ့ အဖိုးအိုကို ပြည်သူတစ်ဦးက တွေ့လိုက်တယ်လို့ ဆိုပါတယ်။

Photo Credit -Arrpuu Tuu's Facebook

သူဟာ အဖိုးကို သနားတာကြောင့် အဖိုးနားရောက်သွားပြီး အဖ်ိုးရေ ဘာတွေရောင်းနေတာလဲလို့ စကားစလိုက်ပါတယ်။အဖ်ိုးက သားရယ် ဗန်ဒါစေ့ရောင်းနေတာပါလို့ ဆိုပြီး သူက ဆက်ပြီး ရောင်းကောင်းလား အဖိုးလို့ သူမေးလိုက်ပါတယ်။အဖိုးက သူခုနကမှရောက်တာဖြစ်ပြီး မိုးတွေရွာနေတာကြောင့် စျေးဦးမပေါက်သေးဘူးလို့ ဆိုပါတယ်။အဖိုးရဲ့ ဗန်ဒါစေ့လေးတွေဟာ တစ်ထုပ်မှ ၃၀၀ ကျပ်ဖြစ်ပြီး တစ်ဗူးကို ၃၀၀၀ ကျပ်လို့လည်း ဆိုပါတယ်။သူက အဖိုးကို ကူညီပေးချင်တာကြောင့် အဖိုး မိုးတွေရွာနေတာဆိုတော့ အိမ်ပြန်ချင်လားလို့ မေးတဲ့အချိန်မှာ သူတော်တော်လေးခံစားရတယ်လို့ ဆိုပါတယ်။အဖိုးပြောတဲ့စကားလေးကတော့ ပြန်ချင်တာပေါ့ သားရယ် ဒါလေးတွေရောင်းရမှ အိမ်လခပေးနိုင်မှ လို့ဆိုပါတယ်။

Photo Credit - Khine Hnin Wai's Facebook

ပြည်သူဟာ အဖိုးမှာရှိသမျှ ဗန်ဒါစေ့အထုပ်လေးတွေကို အကုန်အားပေးလိုက်ပြီး အဖိုးလိုအပ်နေတဲ့ အိမ်လခလေးပါ လှူပေးခဲ့တယ်လို့ ဆိုပါတယ်။အဖိုးဟာ သူ့ကို ကျေးဇူးတင်စကား အထပ်ထပ်ပြောနေပြီး  သူ့အနေနဲ့ ဒီဗန်ဒါစေ့လေးတွေကို မိုးရွာနေတဲ့အတွက် မရောင်းရဘူးလို့ ထင်နေတာလို့ သူ့ကိုပြောခဲ့တယ်လို့ ဆိုပါတယ်။အဖိုးကို သူနှုတ်ဆက်ပြီး ထွက်သွားတဲ့အချိန်မှာ အဖိုးအရမ်းပျော်နေပြီးပြုံးနေတဲ့အပြုံးလေးဟာ သူ့အတွက် ကျေနပ်ပီတိဖြစ်မိခဲ့တယ်လို့သူရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။