ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဋ္ဌာန (ရေနှင့်သန့်ရှင်းမှု)ကနေ ကြေညာချက်တစ်ခုထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit - Google

ထိုကြေညာချက်ထဲမှာ ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) ကနေ ရန်ကုန်မြို့အတွင်း နေ့စဥ်ရေပေးဝေလျက်ရှိတဲ့ ဒုတိယအဆင့် ရေတွန်းစက်ရုံမှ ရေတွန်းစက်များရပ်ပြီး HDPE ဖလန်းပိုက်ဆက်နေရာနဲ့ သံပိုက်အဆက်နေရာ ရေယိုစိမ့်မှုများကို ပြုပြင်ဖို့ရန်အတွက် နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီကနေ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီအထိ စုစုပေါင်းနာရီ ၄၀ ခန့်ကြာမြင့်မယ်လို့ ပါဝင်ပါတယ်။

Photo Credit - Original Uploader

ရေသန့်စက်ရုံများမှ ရေပေးဝေလျက်ရှိတဲ့ မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက္ကံမြို့နယ်၊တောင်ဥက္ကလာပမြို့နယ်၊သင်္ကန်းကျွန်းမြို့နယ်၊ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ဒေါပုံမြို့နယ်၊တာမွေ(မေတ္တာညွန့်ရပ်ကွက်) မြို့နယ်၊မင်္ဂလာဒုံမြို့နယ်များမှာ ရှိတဲ့ရပ်ကွက်များမှာ ရေအားလျော့နည်းခြင်းများ၊ခေတ္တရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ရေကြိုတင်စုဆောင်းပေးကြဖို့ ကြိုတင်အသိပေးထားကြောင်း သိရှိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။