ရေး-မော်လမြိုင်ကားလမ်းတွင်ယမန်နေ့ နိုဝင်ဘာလ၁၁ရက်နေ့ညနေ၃နာရီခန့်က ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ပါတယ်။ 

Photo - crd

ယာဉ်တိုက်မှုဖြစ်စဉ်မှာ ရာဘာတင်တဲ့ကုန်တင်ကားကြီးနဲ့Light truck ယာဉ် တိုက်မိခဲ့တာဖြစ်ပါတယ်။ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့်လူ၇ဦးသေဆုံးပြီး၆ဦး ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။Light truck ယာဉ်ပေါ်ပါလာသူများဟာရန်ကုန်မှာ ကထိန်ခင်းပြီးပြန်လာကြသူများလို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။ 

Photo - crd
Photo - crd
Photo - crd

ဒဏ်ရာရသူများကို ရေးမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ထားပြီးသေဆုံးသွားသူတွေကိုတော့ ရင်ခွဲရုံကို ပို့ထားတယ်လို့ သိရပါတယ်။သေဆုံးသွားသူများမှာ တနင်္သာရီတိုင်းဒေကြီး၊ရေဖြူမြို့နယ်၊ကံပေါက်ကျေးရွာမှလို့သိရှိရပါတယ်။

Photo - crd

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။