ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၈နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ Bethany အထူးကု ဆေးခန်းတွင်း အောက်ဆီဂျင်အိုးပေါက်ကွဲခဲ့ရာမှာ ဆေးခန်းအပေါ်ထပ်ပျက်စီးခဲ့ပါတယ်။ 

Photo- Crd
Photo- Crd

လူနာရှူနေတဲ့ အောက်ဆီဂျင်အိုး ပေါက်ကွဲခဲ့တာကြောင့်လူနာနှင့်ခင်ပွန်းဖြစ်သူ လူနာစောင့်သင်းအုပ်ဆရာတော်ကြီးကွယ်လွန်ခဲ့ရပါတယ်။သားဖြစ်သူလည်း မီးလောင်ထိခိုက်ဒဏ်ရာများရရှိသွားတယ်လို့ သိရပါတယ်။ပေါက်ကွဲမှုကြောင့်စုစုပေါင်း လူ၂ဦးသေဆုံးခဲ့ရပြီး ၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Photo- Crd
Photo- Crd
Photo- Crd

ပေါက်ကွဲမှုဟာ အရမ်းကို ပြင်းထန်တာကြောင့်ဆေးခန်းအပေါ်ထပ်တစ်ထပ်လုံး ပြိုကျ ပျက်စီးသွားတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ပေါက်ကွဲမှုက တော်တော်လေး ပြင်းထန်တာကြောင့်အခင်းဖြစ်ပွားရာမှာရှိနေခဲ့ကြတဲ့ သင်းအုပ်ဆရာကြီးတို့ မိသားစုအတွက်တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ 

Photo- Crd
Photo- Crd

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။