နိုဝင်ဘာ၉ ရက်နေ့မှာမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ချီးမြှင်တဲ့  ၂၀၂၁ ခုနှစ်အတွက် Change of Women Award ဆုကို ချင်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ Mai Len Nei Cer နဲ့အတူ  မြန်မာအမျိုးသမီး ၃ ဦးတို့ ဆုလက်ခံရရှိခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit - Zalen

NINU အဖွဲ့တည်ထောင်သူလည်းဖြစ်တဲ့ ဒါရိုက်တာ Mai Len Nei က Change of Women Award ဆု လက်ခံရရှိတာနဲ့ပတ်သက်ပြီး သူမကအခုလိုပြောကြားခဲ့ပါတယ်။သူမတို့ကို ထောက်ပံ့ပေးတဲ့အဖွဲ့တစ်ခုက သူတို့ဒီဆုအတွက် Nominate လုပ်ထားတယ်လို့လည်း သိရှိရတာဖြစ်ပြီး သူမအနေနဲ့ နိုဝင်ဘာ ၉ ရက်နေ့က အမေရိကန်သံရုံးကို သွားတဲ့အခါ ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။သူမအပြင် အမျိုးသမီး ၃ဦးအတွက် ဒီနှစ်အတွက် ဆုပေးထားတာ ဖြစ်ပြီး ဒီဆုဟာ ချင်းအမျိုးသမီးတွေအတွက် ကျားမတန်းတူရရှိလာဖို့အတွက် သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို အသိအမှတ်ပြုတဲ့ ဆုတစ်ခုလို့လည်း သိရပါတယ်။ သူမတို့ဟာ ချင်းအမျိုးသမီးတွေအတွက် ကျားမတန်းတူရရှိလာဖို့အတွက် ပြုလုပ်လာခဲ့တာ ၈နှစ်လောက်ရှိပြီဖြစ်ပါတယ်။

Photo Credit - Zalen

သူမအနေနဲ့ ချင်းအက်ဥပဒေမှာ အမျိုးသမီးတွေကို ခွဲခြားထားကြောင်း သိရှိရတဲ့အတွက် ပြောင်းလဲဖို့ကို စလုပ်ခဲ့တာလို့ သိရှိရပါတယ်။ချင်းပြည်နယ်အတွင်းမှာရှိတဲ့အမျိုးသမီးတွေ ပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းအမျိုးသမီးတွေအတွက် ကြိုးစားလုပ်လာခဲ့တာ ၈နှစ်ရှိပြီလို့လည်း သိရပါတယ်။သူမအနေနဲ့ ဥပဒေတွေကို ပြောင်းလဲဖို့မလုပ်နိုင်သေးခဲ့ဘူးလို့ ဆိုပါတယ်။ခုလက်ရှိအချိန်မှာတော့ ဘာမှ လှုပ်ရှားလို့ မရတော့တဲ့ အခြေအနေဖြစ်​တာကြောင့် သူမအနေနဲ့ဘာလုပ်ရမယ်မှန်း မသိတဲ့ စိတ်ဒုက္ခရောက်နေတဲ့အချိန်မှာ ဒီဆုကိုရလိုက်တဲ့အတွက် သူမတို့လုပ်ဆောင်လာတာကို အသိအမှတ်ပြုသူတွေရှိပါလား ဆ်ိုပြီး ရှေ့ဆက်လုပ်ဖို့ အားအင်တွေရတယ်လို့ ဆိုပါတယ်။

Photo Credit - Zalen

နီနူးအဖွဲ့ဟာ ချင်းအက်ဥပဒေနဲ့ ချင်းဓလေ့ထုံးစံစဥ်လာမှာ ချင်းအမျိုးသမီးတွေရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေကို သုတေတနပြုလုပ်ပြီး စာတမ်းတွေရေးပြီး လှုပ်ရှားသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၂၀၁၇ ခုနှစ်ကနေစပြီး ဒီဆုကို စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီးအမျိုးသမီး ၆ ဦးဆုရရှိခဲ့ပြီးပြီ ဖြစ်ပါတယ်၊၊

သတင်းအရင်းမြစ်: Zalen

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။