အောက်ဆီဂျင်အိုတွေဟာ လူ့အသက်ကိုကယ်နိုင်သလို အရမ်းကို အန္တရာယ်များတဲ့အရာပါ။ပေါက်ကွဲမှုဖြစ်ပြီဆိုရင်လည်းလူ့အသက်သေစေလောက်တဲ့အထိကိုဖြစ်နိုင်ပါတယ်။ 

Google

ယမန်နေ့နိုဝင်ဘာလ၁၀ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊တာဟန်းရပ်ကွက်မှာရှိတဲ့Bethany အထူးကုဆေးခန်းမှာ အောက်ဆီဂျင်အိုးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

Google

အောက်ဆီဂျင်အိုးပေါက်ကွဲမှုဟာ ယမန်နေ့ ည၈နာရီခန့်လောက်မှာ ဖြစ်ပွားခဲ့တာလို့သိရပါတယ်။အောက်ဆီဂျင်အိုးမတော်တဆပေါက်ကွဲခဲ့မှုဖြစ်စဉ်ကြောင့်EMC သင်းအုပ်ဆရာတော်Rev.Dr Lalduhawma တို့ လင်မယားပွဲချင်းပြီးကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။ 

Credit to Original Uploader 

မထင်မှတ်ထားတဲ့ မတော်တဆမှုဖြစ်စဉ်ကြောင့် ကွယ်လွန်သွားခဲ့ရတဲ့ သင်းအုပ်ဆရာတော်တို့ လင်မယားနှစ်ယောက်အတွက်လည်း လူတော်တော်များများက စိတ်မကောင်းဖြစ်နေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။