ဘဝဟာ စကားလုံးနှစ်လုံးတည်းဆိုပေမဲ့ တကယ်တော့ ရုန်းကန်လှုပ်ရှားရတာ တကယ်ကိုခက်ခဲပါတယ်။နေ့စဥ်ဘဝ စားဝတ်နေရေးအတွက် လူသားတိုင်းဟာ ရုန်းကန်လှုပ်ရှားနေရပါတယ်။ရုန်းကန်လှုပ်ရှားရတဲ့အထဲမှာ တစ်ချို့ကတော့ သက်တောင့်သက်သာလေးနဲ့ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနိုင်သူရှိသလို တစ်ချို့ကျတော့လည်းပင်ပန်းဆင်းရဲစွာနဲ့ ထမင်းတစ်နပ်အတွက်ကို အခက်အခဲပေါင်းမျိုးစုံနဲ့ ရုန်းကန်လှုပ်ရှားနေရတာဖြစ်ပါတယ်။မိမိထက် အဆင်မပြေဖြစ်နေသူကို ကူညီပေးကမ်းခြင်းကလည်း လူသားတိုင်းမှာ ရှိသင့်တဲ့ ကိုယ်ချင်းစာတရားတစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit - Arrpuu Tuu's Facebook

ဒီတစ်ခေါက်မှာလည်း ပြည်သူတစ်ဦးက သင်္ကြန်စာရောင်းနေတဲ့ အဘကို ကူညီပေးလိုက်နိုင်တဲ့ ဖြစ်ရပ်လေးကို ဝေမျှပေးလိုက်ပါတယ်။သူဟာ ကိစ္စတစ်ခုအတွက် သွားရင်း ကားမီးပွိုင့်မိနေတဲ့အချိန်မှာ အဘကိုတွေ့ခဲ့တယ်လို့ ဆိုပါတယ်။အဘရဲ့လက်ထဲမှာ  သင်္ကြန်စာလေးတွေရှိနေတာကို မြင်လိုက်တဲ့အတွက် သူ့အနေနဲ့ အဘကို အကူအညီပေးချင်တာကြောင့် အဘ ဒီ သင်္ကြန်စာလေး ဘယ်လောက်လဲလို့ သူကမေးလိုက်ပါတယ်။အဘ ရောင်းချနေတဲ့ စာလေးဟာ တစ်စောင်ကို ၅၀၀ ကျပ်သာ ရှိပါတယ်။သူ့အနေနဲ့ အဘလမ်းလျှောက်ပုံကို သတိပြုမိလိုက်တဲ့အတွက် အဘလမ်းလျှောက်တာ တစ်မျိုးဖြစ်နေတယ်နော်လို့ ပြောလိုက်တဲ့အခါ အဘဟာ သူအရမ်းဗိုက်အောင့်တဲ့အတွက် ဆေးခန်းသွားပြရာကနေ ဆေးရုံတက်လိုက်ရပြီး အူတွေပါ ဖြတ်လိုက်ရတယ်လို့လည်းဆိုပါတယ်။အဘကဆက်ပြီးတော့ အခုထိအနာကလည်းမကျက်သေးတော့ သူအရမ်းနာနေကြောင်း ပြောပြခဲ့ပါတယ်။

Photo Credit - Arrpuu Tuu's Facebook

ပြည်သူတစ်ဦးဟာ အဘရဲ့အဖြစ်ကိုကြည့်ပြီး စိတ်မကောင်းခြင်းများစွာနဲ့ပဲ ဆေးခန်းရောပြန်ပြဖြစ်လားနောက်ပြီး မိသားစုရော လို့ သူမေးလိုက်တဲ့အချိန်မှာ အဘပြောတဲ့စကားလေးက ပိုပြီးဝမ်းနည်းစေခဲ့ရပါတယ်။အဘဟာ အိမ်ထောင်ကွဲသွားတာ ဖြစ်ပြီး သူ့အ​နေနဲ့ နာကျင်မှုဒဏ်ကို မခံနိုင်တာကြောင့် ဆေးခန်းပြန်ပြချင်လို့ ဒီ သင်္ကြန်စာလေးတွေကိုရောင်းနေရတယ်လို့ ဆိုပါတယ်။အဘဟာ သူများတွေလို လမ်းလျှောက်ပြီးမရောင်းနိုင်တဲ့အတွက် ထိုင်ရောင်းရတယ်လို့ဆိုပါတယ်။

Photo Credit - Arrpuu Tuu's Facebook

အဘဆေးခန်းပြဖို့အတွက် လိုအပ်နေတဲ့ပိုက်ဆံကို သူလှူပေးခဲ့ပြီး အဘဟာ ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောပြီး သူပေးလိုက်တဲ့ပိုက်ဆံလေးနဲ့ ဆေးခန်းပြနိုင်ပြီ ဖြစ်တာကြောင့် အဘပြုံးပျော်လို့ နေခဲ့တယ်လို့ ဆိုတာကို သူ့ရဲ့လူမှုကွန်ယက်ပေါ်ကနေမျှဝေ​ပေးခဲ့ပါတယ်။အဘဟာ အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး အဆောင်ငှားနေတယ်လို့လည်း သိရှိရပါတယ်။တစ်ယောက်တည်းရုန်းကန်နေရသူဖြစ်တဲ့အတွက် လမ်းမှာတွေ့ရင်လည်း အကူအညီပေးဖို့ကိုလည်း ရေးသားထားခဲ့ပါတယ််၊၊

သတင်းအရင်းမြစ်: Arrpuu Tuu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။