ကိုရီးယားနိုင်ငံရဲ့လွှတ်တော်အမတ် ၈၀ ကျော်က မြန်မာနိုင်ငံရဲ့  ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ တစ်နှစ်ပြည့်အထိမ်းအမှတ်မှာ ပြောဆိုခဲ့ပါတယ်။

Photo Credit - Original Uploader

ကိုရီးယားပြည်သူ့လွှတ်တော်အမတ်အဖွဲ့တွေ ပါဝင်တဲ့ အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေရဲ့ လွှတ်တော်အမတ် ၈၁ ဦးတို့စုပေါင်းပြီး မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြန်လည်ရရှိဖို့ရန်အတွက် မြန်မာဒီမိုကရေစီအရေးကို အားပေးထောက်ခံတယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။၂၀၂၀ပြည့်နှစ်ရဲ့ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲရလဒ်ဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန် ဖြစ်တာကြောင့် သူတို့အနေနဲ့ အကြွင်းမဲ့ အသိအမှတ်ပြုသွားမယ်လို့ ကိုရီးယားလွှတ်တော်ရှေ့မှာ ကိုရီးယားလွှတ်တော်အမတ်တွေက ပြောကြားခဲ့ပါတယ်။

Photo Credit - Original Uploader

၂၀၂ဝ ခုနှစ် နိုဝင်ဘာ ၈ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ နေ့ဖြစ်ပြီး ပြည်သူ့အစိုးရထံ ပြည်သူ့အာဏာကို အမြန်ဆုံးပြန်လည်ပေးအပ်ဖို့ တောင်ကိုရီးယားလွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုကို ထောက်ခံအားပေးနေတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။သူတို့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့တိုင်းရင်းသား၊ဒီမိုကရေစီအရေးလှုပ်ရှားသူအားလုံးနဲ့ ပူပေါင်းလက်တွဲပြီး မြန်မာန်ိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ပြန်လည်ရောက်ရှိဖို့ရန်အတွက် အတူတကွ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမယ့်အကြောင်းကို ကိုရီယားလွှတ်တော်အမတ်တွေက ဂတိသစ္စာပြုခဲ့ကြပါတယ်။

Photo Credit - Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။