ပြည်သူမှပြည်သူသို့ တစ်နိုင်တစ်ပိုင်အလှူလေးတွေ ပြုလုပ်ပေးလေ့ ရှိကြတဲ့ ရန်ကုန်မှ လူငယ်များဟာ ယမန်နေ့နိုဝင်ဘာလ၈ရက်နေ့တုန်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊  တောင်ဒဂုံမြို့နယ်၊၆၇ရပ်ကွက်၊သစ်ဆိပ်မှာကလေးငယ်လေးတွေအပါအဝင် လူအယောက်၃၀၀စာအတွက် ရခိုင်မုန့်တီ  အလှူလေးပြုလုပ်ပေးခဲ့ ကြပါတယ်။

Credit to Original Uploader
Credit to Original Uploader
Credit to Original Uploader

ခက်ခဲနေတဲ့ကာလ အားလုံးကျပ်တည်းနေကြချိန်မှာ အခုလိုသဒ္ဓါတရားထက်သန်စွာ အလှူလေးလုပ်ပေးခဲ့ကြတာကြောင့်ပြည်သူများဟာ အရမ်းကိုဝမ်းသာ ပျော်ရွှင်နေကြပါတယ်။အလှူပေးနေတဲ့ပုံရိပ်လေးတွေဟာလည်း မြင်တဲ့သူတိုင်းအဖို့သာဓုအကြိမ်ကြိမ်ခေါ်ဆိုမိလောက်အောင်ဖြစ်တဲ့အထိ အရမ်းကိုကြည်နူးဖို့ကောင်းလှပါတယ်။

Credit to Original Uploader

လူအယောက်၃၀၀စာ ရခိုင်မုန့်တီအလှူလေးကို မလေးရှားကအလှူရှင်နှင့်ရန်ကုန်ကအလှူရှင်တို့ ပူးပေါင်းပြီး လုပ်ပေးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

Credit to Original Uploader
Credit to Original Uploader
Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။