နိုဝင်ဘာ ၈ ရက်နေ့ ည ၁၂ နာရီကနေစတင်ပြီး တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အရေးပါတဲ့ မြို့တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံရွှေလီမြို့ကို တရုတ်အာဏာပိုင်များက တစ်ပတ်လော့ဒေါင်းချလိုက်ကြောင်း ရွှေလီနဲ့ မူဆယ်ကုန်သွယ်နေသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါတယ်။

Photo Credit - Google

ရွှေလီမြို့မှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူများ များပြားလာတဲ့အတွက် တစ်ပတ် လော့ဒေါင်းချလိုက်ရတာ ဖြစ်ပြီး ရောဂါပြန့်ပွားတဲ့အခြေအနေပေါ်မူတည်ပြီး လော့ဒေါင်းကာလ ဘယ်လောက်ကြာမြင့်မလဲဆိုတာကို မသိဘူးလို့ ဆိုပါတယ်။တရုတ်အာဏာပိုင်များက နိုဝင်ဘာလမှာ တရုတ်မြန်မာနယ်စပ်ကုန်သွယ်စေခန်းများကို ပြန်လည်ဖွင့်လှစ်​မယ်လို့ သတင်းများထွက်ပေါ်နေခဲ့ပါတယ်။

Photo Credit - Google
Photo Credit - Google

ယခုချိန်မှာတော့ ကိုဗစ်ပိုးများပြန်လည်တွေ့ရှိလာပြီး မြို့ကို လော့ဒေါင်းချထားရတာဖြစ်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေးပြန်လည်ဖွင့်လှစ်ရေးဖို့ရန် မသေချာတော့ကြောင်း သိရှိရပါတယ်။မြန်မာနိုင်ငံနဲ့ နယ်စပ်ဝင်ထွက်ပေါက်ဖြစ်တဲ့ တရုတ်နိုင်ငံရွှေလီမြို့ကို  ၂၀၂၀ စက်တင်ဘာ ၁၅ ရက်ကနေစပြီး ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ခဲ့ကြောင်း သိရှိရပါတယ်။

Photo Credit - Google

မြန်မာနိုင်ငံနဲ့ နယ်စပ်ဝင်ထွက်ပေါက်ဖြစ်တဲ့ တရုတ်နိုင်ငံရွှေလီမြို့ကို  ၂၀၂၀ စက်တင်ဘာ ၁၅ ရက်ကနေစပြီး ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားခဲ့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။