မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအကျပ်အတည်းများကြောင့် ပြည်သူတစ်ချို့ဟာ နေ့စဥ်နဲ့အမျှ ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်ဖို့ရန်အတွက် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရာမှ ထိုင်းအာဏာပိုင်များရဲ့ ဖမ်းဆီးခြင်းကို မကြာခဏခံနေရပါတယ်။

Photo Credit - Labour Hittai

ဖမ်းဆီးရမိသူတွေဟာ မြန်မာနိုင်ငံ ထားဝယ်ခရိုင်၊ပဲခူးတိုင်းဒေသကြီး၊မော်လမြိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်တို့မှ ဖြစ်ကြပြီး တစ်ဦးလျှင် ပွဲစားခ ၁၅၀၀၀ မှ ၂၈၀၀၀ အထိပေးရတယ်လို့လည်း ဆိုပါတယ်။

Photo Credit - Labour Hittai

ထိုင်းအာဏာပိုင်များဟာ ဖမ်းဆီးရမိတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်တဲ့ မြန်မာအလုပ်သမားများကို ကိုဗစ်စစ်ဆေးခြင်းများကိုလည်း ပြုလုပ်ပေးတယ်လို့လည်း သိရှိရပါတယ်။ထိုင်းအာဏာပိုင်များဟာ လူသားချင်းစာနာစိတ်အပြည့်နဲ့ ထိုင်းမြန်မာနယ်စပ်တရားမဝင်လမ်းကြောင်းကနေ ဝင်လာလို့ ဖမ်းဆီးခံရပြီး ဆာလောင်နေတဲ့ မြန်မာအလုပ်သမားများကို ထိုင်းစစ်သားတွေက  ထမင်းဟင်းနဲ့ ရေသန့်ဘူးများ ချက်ချင်းပေးပြီး ဗိုက်ပြည့်အောင် ကျွေးမွေးခဲ့ပါတယ်။

Photo Credit - Ye Min's Facebook

ဖမ်းဆီးခံရတဲ့မြန်မာအလုပ်သမားများကို ဗိုက်ပြည့်အောင် ကျွေးမွေးပြီးမှသာ သူတို့ရဲ့ ထိုင်းဥပဒေအတိုင်း  ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။ထိုင်းစစ်သားများ ပြောတာကတော့ သူတို့အနေနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာလို့သာ မဖြစ်မနေ ဖမ်းဆီးရတာ ဖြစ်တဲ့အကြောင်း ရေးသားထားပါတယ်။

Photo Credit - Ye Min's Facebook

သတင်းအရင်းမြစ်: Ye Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။