ကင်ညာနိုင်ငံမှာ မိုးခေါင်ရေရှားမှုဒဏ်ကို အကြီးအကျယ်ရင်ဆိုင်ခံစားနေကြရပါတယ်။ကင်ညာနိုင်ငံရှိ ခရိုင်၄၇ခုအနက်၁၀ခုမှာ မိုးခေါင်ရေရှားမှုဒဏ်ကြောင့်လူသန်းပေါင်းများစွာ အထိ ထိခိုက်ဒုက္ခရောက်မှုများ ရှိလာပါတယ်။  ဒါကြောင့်ကင်ညာအစိုးရဟာ ကင်ညာနိုင်ငံကို အမျိူးသား သဘာဝဘေးသင့်နေသောနိုင်ငံအဖြစ်ကြေညာလိုက်ပါပြီ။ 

CGTN
CGTN
CGTN

ကင်ညာနိုင်ငံမှာ တစ်နေ့ထက်တစ်နေ့ တိရစ္ဆာန်တွေ သေဆုံးမှုများလည်း အရမ်းကို များလာတာကြောင့်  ပြည်သူများဟာ"သူတို့သာ သေကုန်ရင်ကျွန်တော်တို့လည်း သေတော့မှာပါ" လို့ငြီးညူနေရတဲ့အထိဖြစ်ကုန်ပါပြီ။မိုးခေါင်ရေရှားမှုဖြစ်စဉ်ကြောင့်ကင်ညာနိုင်ငံရှိ အနည်းဆုံးလူ၂သန်းဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့လည်း ဆိုးဆိုးရွားရွားရင်ဆိုင်နေကြရတယ်လို့ကုလသမဂ္ဂကပြောပါတယ်။

CGTN
CGTN

ဒေသအတွင်းအလုပ်လုပ်နေသော သင်းအုပ်ဆရာများကလည်း တိရစ္ဆာန်များသေဆုံးနေတာကို နေ့စဉ်မြင်တွေ့လာတာကြောင့်ဒီလိုသာဆက်ဖြစ်ရင်ဂေဟစနစ်သာမက ၎င်းတို့၏အသက်မွေးဝမ်းကြောင်းကိုပါ ခြိမ်းခြောက်လျက်ရှိလာနိုင်တယ်လို့ဆိုထားပါတယ်။ 

CGTN
CGTN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။