ထိုင်းဘုရင်တပ်မတော်ကနေ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၃၂ ဦးကို ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှာ ဖမ်းဆီးရရှိမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ထိုသတင်းထုတ်ပြန်ချက်မှာ နိုဝင်ဘာ ၇ရက်နေ့ နံနက် ၇နာရီအချိန်မှာ စိုင်ယိုးနယ်မြေစလီမုံခွန်ရပ်ကွက်၊ဘန်ဟွေးကရထပ်ထွန်(င်)မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၉၇ ဦး(ကျား ၅၄ ၊မ ၄၃ ဦး) ၊နံနက် ၁၁ နာရီအချိန်မှာ မီ(င်)နယ်မြေ ဘန်းကောင်းရပ်ကွက် ဘန်ဟွေးနံ(မ်(ခေါင်) မှာ မြန်မာအလုပ်သမား ၃၅ ဦး (ကျား ၂၆၊မ ၅)  ဦးတို့ကို ဖမ်းဆီးရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photo Credit - Labour Hittai

ဖမ်းဆီးရမိသူတွေဟာ မြန်မာနိုင်ငံ ထားဝယ်ခရိုင်၊ပဲခူးတိုင်းဒေသကြီး၊မော်လမြိုင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး နဲ့ရခိုင်ပြည်နယ်များမှ ဖြစ်ပြီး သူတို့ဟာ တစ်ဦးလျှင် ပွဲစား ၁၅၀၀၀ မှ ၂၈၀၀၀ ထိပေးရတယ်လို့ သိရှိရပါတယ်။ဖမ်းဆီးခံထားရသူများဟာ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်၊ပထုန်ဋ္ဌာနီခရိုင်၊နခွန်ပထုန်ခရိုင်နဲ့ လဟောင်ခရိုင်တို့မှာ အလုပ်သွားရောက်လုပ်ကိုင်မဲ့သူတွေ ဖြစ်ကြပါတယ်။

Photo Credit - Labour Hittai

ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမားများကို ကိုဗစ်စစ်ဆေးခြင်းများပြုလုပ်ပေးပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်ဖို့အတွက် စိုင်ယိုးနယ်မြေရဲစခန်းနဲ့ မီ(င်)ကန်ချနရီဘူရီ ရဲစခန်းများကို ပို့ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit - Labour Hittai

အလားတူပဲ နိုဝင်ဘာ ၆ ရက်နေ့ နံနက် ၈နာရိီအချိန်မှာဆိုလည်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၃ ဦး လိုက်ပါခဲ့တဲ့ မော်တော်ယာဥ်နှစ်စီးအနက် တစ်စီးတိမ်းမှောက်ခဲ့တာကြောင့် မြန်မာအလုပ်သမား ၃ဦး (ကျား ၁၊မ ၂) သေဆုံးခဲ့ပြီး ကျား ၂ မ ၂ ထိခိုက်ဒဏ်ရာရှိခဲ့ပြီး သူတို့အားလုံးကို ပွဲစားများက ကံဖဲဖေ့(ချ်)ခရိုင် ကံဖဲဖေ့(ချ်)မြို့နယ် နာဘောင်ခမ်းကျေးရွာ အုပ်စု (၁၂)  မှာ စွန့်ပစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပွားခဲ့တယ်လို့လည်း သိရှိရပါတယ်။

Photo Credit - Labour Hittai
Photo Credit - Labour Hittai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။