လောကကြီးမှာ လူသားဖြစ်တာ တူပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက်တော့ ဘဝပေးအခြေအနေတွေက မတူညီကြပါဘူး။လိုအပ်တာမှန်သမျှ စားချင်တာမှန်သမျှကို ကိုယ့်စိတ်ကြိုက်ဝယ်ယူနိုင်သူတွေလည်း ရှိကြသလို တစ်ချို့ရဲ့ဘဝတွေကတော့ လက်တွေ့မှာကို မိုးနဲ့မြေလို ကွာ ခြားကြပါတယ်။

Photo Credit - Arrpuu Tuu's Facebook

ကိုယ့်ထက်နှိမ့်ကျသူတွေကို ကူညီပေးကမ်းခြင်းကလည်း လူသားချင်း ကိုယ်ချင်းစာတရားတစ်ခုလည်းဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း ပြည်သူတစ်ဦးက ဖြစ်ရပ်တစ်ခုလေးကို ဝေမျှလာခဲ့ပါတယ်။

Photo Credit - Arrpuu Tuu's Facebook

သူဟာ လမ်းမှာ ကားမောင်းရင်း မီးပွိုင့်မိနေတဲ့အချိန်မှာ ကလေးလေးတစ်ယောက်ဟာ သူ့ကားနားရောက်လာပြီး မဝင့်မရဲလေး မုန့်လေးကျွေးဖို့ တောင်းဆိုခဲ့ပါတယ်။သူကလည်း ကလေးလေးကို သားဗိုက်ဆာလို့လား ဆိုတဲ့စကားလေးမေးလိုက်ချိန်မှာ ကလေးလေးဖြေလိုက်တဲ့စကားကြောင့် ရင်ထဲစို့နင့်ရတယ်လို့ ဆိုပါတယ်။ကလေးလေးဟာ သူအရမ်းဗိုက်ဆာနေပြီး အခုထိ ဘာမှမစားရသေးတာကြောင့် မုန့်လေးကျွေးဖို့ကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။

Photo Credit - Arrpuu Tuu's Facebook

သူဟာ ကလေးလေးရဲ့ စကားကို ကြားပြီးတာနဲ့တစ်ပြိုင်နက် သူ့မှာပါလာတဲ့ မုန့်လေးကို ကလေးလေးကို ပေးပြီး ကားတွေနဲ့ဝေးရာမှာ သွားစားဖို့ ပြောခဲ့ပါတယ်။ကလေးလေးဟာ သူ့ကို ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ်ပြောပြီး ဦးဦးကို မှတ်ထားမယ်လို့ ဆိုပါတယ်။လမ်းတွေ့တာနဲ့ ဦးဦးကို သားခေါ်မယ်နော်လို့လည်း ပြောခဲ့ပါသေးတယ်။ကလေးလေးဟာ သူ့ကိုနှုတ်ဆက်ပြီး ထွက်သွားချိန်မှာ သူ ကားဘက်မှန်ကနေကြည့်လိုက်တဲ့အခါ ပလက်ဖောင်းပေါ် ခုန်ကပြီး သွားနေတဲ့ မြင်ကွင်းလေးဟာ သူ့အတွက် လုံးဝမေ့မရနိုင်တဲ့ မြင်ကွင်းတစ်ခု ဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှခဲ့တာကို ပရိတ်သတ်တို့ ဝမ်းသာကြည်နူးရအောင် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Arrpuu Tuu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။