မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့မှာ ဆိုရင်မြေအောက်ရထားတောင်စတင်ပြေးဆွဲနေပါပြီ။

Google

မြေအောက်ရထားဘူတာ တည်ဆောက်ဖို့အတွက် အချိန်၁၀နှစ်ကြာ ခဲ့တယ်လို့ သိရပါတယ်။အချိန်၁၀နှစ်ကြာတန်ဖိုးထားတည်ဆောက်ခဲ့ရတဲ့ မြေအောက်မီးရထားစနစ်ကြီးအောင်မြင်သွားတာကြောင့်ဗီယက်နမ်ပြည်သူများအနေနဲ့ လည်းအရမ်းကို ဝမ်းသာနေကြပါတယ်။မြေအောက်ရထားလိုက်ပါ စီးနင်းကြည့်ဖို့ ဘူတာမှာစောင့်နေကြတဲ့ပြည်သူက ရာနဲ့ချီပါတယ်။

Google
Google

ပထမဆုံး၁၅ရက်အတွက် အောက်ရထား အခမဲ့စီးနင်းခွင့်ကိုခရီးသည်တိုင်းရရှိမှာလို့ သိရပါတယ်။၁၅ရက်ပြီးရင်တော့လက်မှတ်တစ်စောင်ကို ၀.၃၅ဒေါ်လာကနေ၀.၆၆ဒေါ်လာ အထိပေးပြီး ဝယ်ယူရမယ်လို့သိရပါတယ်။

Google
Google

ဗီယက်နမ် နိုင်ငံမှာ မြေအောက်ရထားဆောက်လုပ်မှုကိုChina Railway Sixth Group Co Ltd,  မှတာဝန်ယူထားခဲ့တာဖြစ်ပါတယ်။ ဆောက်လုပ်နေတဲ့ အချိန်၁၀နှစ်တာကာလအတွင်း အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။