Covid 19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်များကို ပိတ်ထားခဲ့သည်မှာ တစ်နှစ်ခွဲကျော်လာပြီ ဖြစ်ပါတယ်။ပညာရေးဝန်ကြီးဋ္ဌာန အဆင့်မြင့်ပညာဦးစီးဋ္ဌာနရဲ့ တက္ကသိုလ်အသီးသီးရဲ့ အဝေးသင်ဋ္ဌာနခွဲများမှာ ဝိဇ္ဇာသိပ္ပံ အထူးပြုဘာသာရပ်များနဲ့ ၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရန် ကျန်ရှိသည့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းအက်လက်ခံခြင်းနောက်ဆုံးရက်ကို ယခင်က နိုဝင်ဘာ  ၉ ရက်နေ့အထိသာ သတ်မှတ်ထားခဲ့သော်လည်း ယခုထုတ်ပြန်ချက်ထဲမှာတော့ ဒီဇင်ဘာ ၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

Photo Credit - Original Uploader

ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်၊စတုတ္ထနှစ်နဲ့ ပဥ္စမနှစ်ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရမှာ ဖြစ်ပြီးကျောင်းအပ်လက်ခံမည့် အဝေးသင်ဋ္ဌာနခွဲများက​တော့ မြစ်ကြီးနားတက္ကသိုလ်၊ဗန်းမော်တက္ကသိုလ်၊မိုးညှင်းတက္ကသိုလ်၊လွိုင်ကော်တက္ကသိုလ်၊ဘားအံတက္ကသိုလ်၊ပခုက္ကူတက္ကသိုလ်၊ဟားခါးတက္ကသိုလ်၊မုံရွာတက္ကသိုလ်၊ကလေးတက္ကသိုလ်၊ထားဝယ်တက္ကသိုလ်၊မြိတ်တက္ကသိုလ်၊တောင်ငူတက္ကသိုလ်၊ပြည်တက္ကသိုလ်၊ပဲခူးတက္ကသိုလ်၊မကွေးတက္ကသိုလ်၊ရေနံချောင်းတက္ကသိုလ်၊မန္တလေးအဝေးသင်တက္ကသိုလ်၊ရတနာပုံတက္ကသိုလ်၊မန္တလေးအဝေးသင်တက္ကသိုလ်၊ရတနာပုံတက္ကသိုလ်၊မိတ္ထီလာတက္ကသိုလ်၊ကျောက်ဆည်တက္ကသိုလ်၊မြင်းခြံတက္ကသိုလ်၊မန္တလာတက္ကသိုလ်၊မော်လမြိုင်တက္ကသိုလ်၊စစ်တွေတက္ကသိုလ်၊တောင်ကုတ်တက္ကသိုလ်၊ရန်ကုန်အဝေးသင်တက္ကသိုလ်၊ဒဂုံတက္ကသိုလ်၊ရန်ကုန့အရှေ့ပိုင်းတက္ကသိုလ်၊ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊တောင်ကြီးတက္ကသိုလ်၊ပင်လုံတက္ကသိုလ်၊လားရှိုးတက္ကသိုလ်၊ကျိုင်းတုံတက္ကသိုလ်၊ပုသိမ်တက္ကသိုလ်၊ဟင်္သာတတက္ကသိုလ်၊မအူပင်တက္ကသိုလ်တို့မှာ သွားရောက်အပ်နှံရမှာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။