နိုဝင်ဘာ ၇ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ချမ်းမြသာစည် ၂ လမ်းမှာ နေထိုင်လျက်ရှိတဲ့ အဖွားအိုတစ်ဦးဟာ ပေ ၃၀ အနက်ရှိတဲ့ အိမ်သာကျင်းအသစ်အတွင်းသို့ ပြုတ်ကျခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ 

Photo Credit -မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့
Photo Credit -မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့

အဖွားအိုဟာအိမ်သာသွားရာမှ နက်ပိုင်း ၆ နာရီ ၂၀ မိနစ်ခန့်က  ခြေချော်ပြီး အိမ်သာကျင်းအသစ်အတွင်းသို့ ပြုတ်ကျခဲ့တာကြောင့် မိသားစုဝင်များက မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး)သို့ ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့ပါတယ်။

Photo Credit -မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့

အဖွားအိုက်ို ကယ်ဆယ်ရေးအဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့ပြီး နံနက် ၆နာရီ ၄၅မိနစ်မှာ ခက်ခက်ခဲခဲကူညီကယ်ထုတ်ခဲ့ရပြီး ချက်ချင်းမုံရွာဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။အဖွားအိုဟာ ပြုတ်ကျတဲ့ဒဏ်ကြောင့် ခြေထောက်လည်း ကျိုးထားပြီး ဆေးရုံရောက်ရှိပြီးသိပ်မကြာခင်မှာပဲ ကွယ်လွန်သွားတယ်လို့ သိရှိရပါတယ်။

Photo Credit -မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့

သတင်းအရင်းမြစ်: မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မုံရွာမြို့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။