အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ အဖွားအိုတစ်ဦးဟာ လက်ထဲမှာ အကြွေလေးနှစ်ရာတန်လေးတစ်ရွက် တစ်ရာတန်လေးတစ်ရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အိမ်အပြန်ဟင်းစားလေး ဝယ်ဖို့အတွက် သူမရဲ့ခပ်နွမ်းနွမ်းချိတ်ထမီလေးကို ပြည်သူတစ်ဦးကို အားပေးပါဦးလို့ ဆိုခဲ့ပါတယ်။

Photo Credit - ArrPuu Tuu's Facebook

အဖွားရဲ့ ချိတ်ထမီလေးဟာ တော်တော်နွမ်းနေပေမဲ့လည်း အဖွားကို ကူညီချင်တာကြောင့် အဖွားဘယ်လိုရောင်းလဲ ဆိုပြီး စကားစလိုက်တဲ့အခါအဖွားပြောတဲ့ သားအဆင်ပြေသလိုလေးပေးပါ။အဖွားအိမ်ပြန်ဟင်းစားလေး ဝယ်သွားချင်လို့ပါ ဆိုတဲ့စကားလေးက သူ့အနေနဲ့ ရင်ထဲထိရကြောင်းလည်း ဆိုပါတယ်။

Photo Credit - ArrPuu Tuu's Facebook

စေတနာရှင်ပြည်သူတစ်ဦးဟာ အဖွားရောင်းချတဲ့ ချိတ်ထမီနှစ်ထည်အတွက် တစ်ထည်ကို ၁ သောင်းနဲ့ စုစုပေါင်းအလှူငွေ ၂သောင်းလှူဒါန်းပေးခဲ့သလို အဖွားရဲ့ချိတ်ထမီလေးတွေကို အဖွားဆီကိုပဲ ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - ArrPuu Tuu's Facebook

အဖွားဟာ အသက် ၉၃ နှစ်ရှိပြီး သားသမီးတွေက ဝယ်ထားတဲ့အိမ်ကို အမွေလုပြီး အိမ်ကို အတင်းရောင်းချလိုက်တာကြောင့် ဒီဘဝရောက်ရှိတယ်လို့လည်း ပြောခဲ့ပါသေးတယ်။အသက်အရွယ်ကြီးပြီးအခက်အခဲဖြစ်နေပြီး နွမ်းပါးနေတဲ့အဖိုးအဖွားတွေကို တွေ့ရင် တတ်နိုင်သလောက် ကူညီပေးကြဖို့အတွက်ကိုလည်း ရေးသားထားပါတယ်။

သတင်းအရင်းမြစ်: Arrpuu Tuu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။