ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံရဲ့လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကမ္ဘာနိုင်ငံအသီးသီးမှ သိရှိစေဖို့ရန်အတွက် ဂျပန်နိုင်ငံ၊တိုကျိုမြို့ ၊Tokyu Toyoko Line Jiyugaoka Statiom ရှေ့မှာ Myanmar Global Support Foundation နဲ့ KnowusmoreMyanmar က လူတွေနဲ့စုပေါင်းပြီး အောက်တိုဘာ ၆ ရက်နေ့မှာ Pamphlet ဝေခြင်း၊အလှုငွေကောက်ခံတဲ့ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ထိုပွဲမှ ရရှိလာတဲ့ အလှူငွေများကို မြန်မာနိုင်ငံမှာ အရေးပေါ်လိုအပ်နေတဲ့နေရာများကို လှုဒါန်းပေးသွားမှာ ဖြစ်ပါတယ်။

Photo Credit - Myanmar Global Support Foundation

အောက်တိုဘာ ၆ ရက်နေ့ကပြုလုပ်တဲ့ ထိုအလှူငွေကောက်ခံပွဲမှာ စုစုပေါင်းအလှူငွေ 243,429 Yen ကောက်ခံရရှိခဲ့ပါတယ်။ထို့အပြင် အလှူရှင်တစ်ဦးက 6,571 Yen ကို ဖြည့်စွက် လှူဒါန်းပေးခဲ့တာကြောင့် စုစုပေါင်း အလှူငွေ 250,000 Yen တိတိကောက်ခံရရှိတယ်လို့ Myanmar Global Support Foundation ကနေ သိရပါတယ်။

Photo Credit - Myanmar Global Support Foundation

မြန်မာနိုင်ငံမှာ ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေအပြင် နိုင်ငံအသီးသီးမှာရောက်ရှိနေကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း နွေဦးတော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ရပ်တည်ပေးနေတာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။