မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၅၈လမ်း၊၂၄လမ်းနှင့်၂၅လမ်းကြားတွင် နေထိုင်ကြသော မြင့်မြင့်ခင်ထိုးမုန့်ဆိုင်ပိုင်ရှင် မိသားစုနေအိမ်ကို ယမန်နေ့ နိုဝင်ဘာ၅ရက်နေ့၊ည၉နာရီကျော်အချိန်ခန့်က စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းခဲ့တယ်လို့သိရှိရပါတယ်။ 

ဖမ်းဆီးခဲ့သည့်အကြောင်းအရာမှာ မြင့်မြင့်ခင်ထိုးမုန့်ဆိုင်ပိုင်ရှင်မှ PDF များအားထောက်ပံ့နေသည်ဟုဆိုကာဖမ်းဆီးခဲ့တာဖြစ်ကြောင်း မြင့်မြင့်ခင်ထိုးမုန့်ဆိုင်ပိုင်ရှင်မိသားစုနှင့်နီးစပ်သည့် အသိုင်းအဝိုင်းရဲ့အဆိုအရသိရပါတယ်။

Credit to Original Uploader 

ဖမ်းဆီးသွားချိန်မှာတော့ မြင့်မြင့်ခင်ထိုးမုန့်ဆိုင်ပိုင်ရှင်အမျိုးသားဖြစ်သူ တစ်ယောက်တည်းကိုသာခေါ်ဆောင်သွားပြီးကျန်မိသားစုဝင်များ မပါဝင်ကြောင်း သိရှိရပါတယ်။စစ်ကြောရေးကို ပို့ဆောင်နိုင်တယ်လို့နီးစပ်သူများက သုံးသပ်ထားကြပါတယ်။

Google

မြင့်မြင်ခင်ထိုးမုန့်ဆိုင် ပိုင်ရှင် မိသားစုဟာ အရမ်းစိတ်သဘောထားကောင်းပြီး အလှူအတန်းရက်ရောကြသော သူများဖြစ်ကြပါတယ်။ကိုဗစ်ကာလများတွင်လည်း လှူဒါန်းကူညီမှုများအများအပြား လုပ်ဆောင်ခဲ့ကြတဲ့ မိသားစုလေးဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။