နိုဝင်ဘာလ၄ရက်နေ့တုန်းက မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ယုဇနပလာဇာမှာ မီးလန့်မှုဖြစ်ပွားခဲ့တာကြောင့်ယုဇနပလာဇာအား၄ရက်တိတိ ပြန်လည်ပိတ်ထား မယ်လို့သိရှိရပါတယ်။ ယုဇနပလာဇာဈေးကြီးကို နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြန်လည် ဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ 

Google

မီးလောင်မှုဖြစ်စဉ်မှာ ဝါယာရှောခ့်ကြောင့်လို့ သိရပြီး ယမန်နေ့မနက်ပိုင်းအထိ ယုဇနပလာဇာ အတွင်းမီးများပျက်နေတယ်လို့သိရှိရပါတယ်။မီးပျက်တာကို ပြန်လည်ပြင်ဆင်ဖို့ အချိန်၄ရက်လောက်ကြာနိုင်တာကြောင့်၄ရက်တိတိ ပိတ်မယ်လို့ ဆိုရခြင်းဖြစ်တယ်လို့သိရပါတယ်။

Google

ယုဇနပလာဇာဟာ လက္ကားဈေးကြီးဖြစ်ပြီး ယုဇနလာဘေးကမင်္ဂလာဈေးကြီးမှာလည်း အကြီးအကျယ်မီးလောင်ဖူးတာကြောင့်မီးနဲ့ပတ်သတ်လာရင် အရမ်းကို ဂရုစိုက်ကြရပါတယ်။ဒါကြောင့်အခုလို သေချာပြန်လည်ပြင်ဆင်နိုင်ဖို့ ဈေးကို၄ရက်တိတိ ပိတ်ထားလိုက်တာဖြစ်တယ်လို့သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။