တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ ရှိတဲ့ ဒန်ဆန်းအထက်တန်းကျောင်းရဲ့ ကျောင်းသားကျောင်းသူတွေဟာ  အမှန်တရားဘက်ကနေ ရပ်တည်ပြီး အားမလျှော့စတမ်း အာဏာရှင်ကို တွန်းလှန်တော်လှန်နေကြတဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ပြီး အားပေးထောက်ခံတယ်ဆိုတာကို  ပြောဆိုလာခဲ့ပါတယ်၊၊

Photo Credit - Yan Naing Tun

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကို ရောက်ရှိတဲ့အချိန်မှာ ကျောင်းသားခေါင်းဆောင်တစ်ဦးက မြန်မာပြည်ရဲ့အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အ​ခြေအနေဟာ ကိုရီးယားနိုင်ငံ ဂွမ်ဂျူးဒီမိုကရေစီအရေးတော်ပုံနဲ့ ဆင်တူတဲ့အတွက် မြန်မာအရေးဟာ မိမိတို့နိုင်ငံအရေးလို့ ခံစားရတယ်လို့လည်း  သူကပြောဆိုခဲ့ပါသေးတယ်။

Photo Credit -  Yan Naing Tun

တောင်ကိုရီယားနိုင်ငံမှာရှိတဲ့  ဒန်ဆန်းအထက်တန်းကျောင်းက အထက်တန်းကျောင်းသားတွေဟာ သူတို့ကိုယ်တိုင် တီရှပ်တွေမှာ ရေးသားထားတဲ့ မြန်မာဘာသာနဲ့ မြန်မာ့ဒီမိုကရေစီအသက်ရှည်ပါစေ၊မြန်မာပြည်အမြန်ဆုံး ဒီမိုကရေစီရရှိနိုင်ပါစေ ၊မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ ဆိုပြီး မြန်မာ့ဒီမိုကရေစီအရေးကို အမြဲအားပေးထောက်ခံနေတယ်ဆိုတာကို ပြသခဲ့ကြပါတယ်။

Photo Credit - Yan Naing Tun

တောင်ကိုရီးယားနိုင်ငံဒန်ဆန်းအထက်တန်းကျောင်းရဲ့ ကျောင်းသားကျောင်းသူတွေနဲ့ဆရာတွေဟာ မနေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကို သွားရောက်လည်ပတ်လေ့လာခဲ့တယ်လို့လည်း သိရှိရပါတယ်။

Photo Credit - Yan Naing Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။