အဘွားဟာ နေစရာမရှိတော့တာကြောင့် သထုံမြို့ ရွှေစာရံ ဘုရားရှေ့မှာ ထိုင်နေခဲ့ရတယ်လို့ သိရပါတယ်။ အဘွား​၏ အသက်မှာ ၈၅နှစ်ဖြစ်ပြီး အဖွားရဲ့ မွေးချင်း မောင်နှမများအားလုံးလည်း သေဆုံးသွားပြီလို့ သိရပါတယ်။

Credit to original uploader

အဘွား​၏ ပထမခင်ပွန်းသည်လည်း ဆုံးပါးသွားပြီလို့ သိရပါတယ်။အဘွားဟာ ပထမခင်ပွန်း နှင့်ကလေး၃ယောက်ရရှိခဲ့တယ်လို့ သိရပါတယ်။ဒုတိယအိမ်ထောင်နဲ့တော့ ကလေးတစ်ဦးမှမထွန်းကား ခဲ့ဘူးလို့သိရပါတယ်။  အဘွား​၏ ဒုတိယခင်ပွန်းဖြစ်သူ သည်လည်းဆုံးပါးသွားပြီဖြစ်ပါတယ်။ 

Credit to original uploader

ဒုတိယခင်ပွန်းဖြစ်သူ ဆုံးသွားပြီးတဲ့နောက်အဘွားဟာပဲခူးတိုင်းက သီလရှင်ကျောင်းတစ်ကျောင်းမှာ သီလရှင်ဝတ်ပြီးနေထိုင်ခဲ့ပါတယ်။သီလရှင်ဝတ်နေရင်းနှင့် ပထမအိမ်ထောင်ဖြင့်ရရှိခဲ့သော သားတစ်ဦးမှ မေမြို့တွင်ရှိနေကြောင်း သိရ၍ သားဖြစ်သူဆီ သွားရောက်နေထိုင်ခဲ့ပါတယ်။သားဖြင့်သူနှင့်နေနေရင်း အဆင်မပြေတာကြောင့်သားဖြစ်သူ နေအိမ်မှ ထွက်လာပြီး နေစရာမရှိတာကြောင့်အခုလို သထုံမြို့ ရွှေစာရံဘုရားမုခ်ဝမှာ လာရောက်နေထိုင်ရခြင်း ဖြစ်တယ်လို့သိရပါတယ်။

Credit to original uploader

အဘွားကိုအဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးသထုံ အဖွဲ့မှ တွေ့ရှိခဲ့ပြီး မြဆည်းဆာဘိုးဘွားရိပ်သာသို့ ယမန်နေ့အောက်တိုဘာလ၄ရက်နေ့ တွင်ပို့ဆောင်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

Credit to original uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။