ပြည်သူမှပြည်သူသို့ဆိုတဲ့အတိုင်း မန္တလေးမြို့မှာရှိတဲ့ ပြိုလုဆဲဆဲအိမ်လေးတစ်လုံးကို ပြည်သူများက စုပေါင်းပြီး အိမ်အသစ်လေး ဆောက်လုပ်ပေးခဲ့ကြပါတယ်။အိမ်လေးမှာ မိသားစုဝင်၁၂ဦး နေထိုင်ပြီး အိမ်လေးကလည်း ပြိုလုဆဲဆဲဖြစ်နေပါပြီ။

ကိုဝမ်း
ကိုဝမ်း

မိသားစုဝင်၁၂ဦး နေထိုင်တဲ့ ပြိုကျလုဆဲဆဲ အိမ်အဟောင်းလေးကို ကိုဝမ်းနှင့်အတူ အလှူရှင်များက လှူဒါန်းပြီး အိမ်အသစ်ဆောက်လုပ်ပေးထားတာဖြစ်ပါတယ်။အိမ်လေးရဲ့ မူလပြိုကျလုဆဲဆဲ ပုံစံလေးနဲ့ အခုအသစ်ဆောက်လုပ်ပေးထားတဲ့ပုံစံလေးကို နှိုင်းယှဉ်ပြီး ဖော်ပြထားပေးပါတယ်။အိမ်အသစ်လေးကလည်း ဆောက်လုပ်ပြီးစီးတော့မယ်လို့ သိရပါတယ်။

ကိုဝမ်း
ကိုဝမ်း

အိမ်အသစ်လေးကို ဆောက်လုပ်ပေးထားတဲ့အပြင် မိသားစုဝင်များရဲ့ စားဝတ်နေရေး အတွက် ငွေကျပ်၆သောင်းကိုပါထပ်မံ လှူဒါန်းပေးထားတယ်လို့ သိရပါတယ်။ လိုအပ်နေတဲ့သူလေးတွေအတွက် မိုးလုံလေလုံ နေစရာလေးရအောင် ကူညီပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့စိတ်ဓာတ်ကတော့ တကယ်ကိုလေးစားစရာလေးပါပဲနော်။ 

ကိုဝမ်း
ကိုဝမ်း
ကိုဝမ်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။