ရုတ်တရက်ကြေညာထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။  တီဂရေးမြောက်ပိုင်းဒေသကို သိမ်းပိုက်လိုက်ပြီဖြစ်သော တီဂရာယန်တပ်များသည် မြို့ဘက်သို့ ချီတတ်သိမ်းပိုက်မည်ဟု ခြိမ်းခြောက်ထားသောကြောင့် Addis Ababa ရှိ အာဏာပိုင်များက မြို့တော်ကို ကာကွယ်ဖို့ ပြင်ဆင်ထားရန် နိုင်ငံသားတွေကို ပြောထားတာပဲဖြစ်ပါတယ်။ တီဂရေးတပ်သားများကို ခုခံကာကွယ်ရန် အီသီယိုးပီးယား ဝန်ကြီးချုပ် Abiy Ahmed က တိုက်တွန်းပြောဆိုပြီး နှစ်ရက်ကြာပြီးတဲ့ နောက်မှာ အခုလို ကြေညာချက်မျိုးထွက်လာတာဖြစ်ပါတယ်။

Google

တီဂရာယန်တပ်များသည် မကြာသေးမီရက်ပိုင်းက မြို့နယ် အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတို့ရဲ့ ရှေ့တန်းနေရာမှ တောင်ဘက် ၃၈၀ ကီလိုမီတာ (၂၃၅ မိုင်) အကွာ ရှိ Abiy Ahmed သို့ ချီတတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အီသီယိုးပီးယား အစိုးရဟာ အရေးပေါ်အခြေအနေကြေညာလိုက်တာပဲဖြစ်ပါတယ်။

Google

ယမန်နေ့တုန်း ကလည်း အီသီယိုးပီးယား အစိုးရက တီဂရာရန် သူပုန်တပ်အနေနဲ့ ဒက်စီးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဆိုသည့် သတင်းကို ငြင်းဆိုထားပြီး ယင်းမြို့သည် အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ သုံးသပ်ထားသူများရဲ့ အစိုအရ အီသီယိုးပီးယားဟာ အာဏာအသိမ်းခံရတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်လာဦးမလားလို့ ယူဆထားကြပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး အီသီယိုးပီးယားနိုင်ငံသားတွေ အနေနဲ့လည်း အရမ်းကို စိုးရိမ်စိတ်တွေ များပြားလျှက်ရှိပါတယ်။အီသီယိုးပီးယားနိုင်ငံ အနေနဲ့ အရေးပေါ်အခြေအနေကြေညာတာ အခုနဲ့ဆို ဒုတိယအကြိမ်ရှိပါပြီ။ ပထမအကြိမ်ကတော့ ၂၀၁၆ ခုနှစ်တုန်းက ဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။