ချင်းပြည်နယ် ထန်တလန်မြို့လေးမှာ လောင်ကျွမ်းခဲ့တဲ့မီးဟာ မြန်မာတစ်ပြည်လုံးမှ တိုင်းရင်းသားပြည်သူများအားလုံးကို စိတ်မကောင်းကြေကွဲမှုများ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်အနှံ့မှာရှိတဲ့ သွေးချင်းပြည်သူများကလည်း မိမိတို့တတ်အားသ၍ အလှူငွေလေးတွေ ကောက်ခံကာ ထန်တလန်မြို့လေးကို ကူညီဖို့ ကြိုးစားနေကြပါတယ်။

Credit to Original Uploader

အခုတစ်ခေါက်မှာလည်း ရခိုင်ပြည်နယ် စစ်တွေမြို့မှ လူငယ်လေးတွေက ချင်းပြည်နယ် ထန်တလန် မြို့လေးကို ကူညီဖို့အတွက် အလှူငွေကောက်ခံပွဲလေး ပြုလုပ်ပေးနေကြတာပဲဖြစ်ပါတယ်။ အလှူငွေကောက်ခံပွဲလေးကို တနင်္ဂနွေနေ့ အောက်တိုဘာလ ၃၁ ရက်က ပထမဆုံးနေ့အဖြစ် စတင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး နောက်ရက်တွေမှာလည်း ဆက်လက်၍ အလှူငွေကောက်ခံပွဲပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

Credit to Original Uploader
Credit to Original Uploader
Credit to Original Uploader

တိုင်းရင်းသားတွေ အရမ်းချစ်ဖို့ ကောင်းကြတာပဲနော်။ မီးလောင်သွားတဲ့ ချင်းပြည်နယ် “ထန်တလန်” မြို့လေးလည်း မြန်မာတစ်ပြည်လုံးက တိုင်းရင်းသားသွေးချင်း ညီအစ်ကို မောင်နှမတွေရဲ့ မေတ္တာနဲ့ ပိုပြီးလှပစွာ ပြန်လည် ရှင်သန်လာမှာ အသေအချာပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။