ရန်ကုန်မြို့နယ် (၉) ခုတွင် ရေအားလျော့နည်း ပြတ် တောက်မည်ဟု သိရှိရသဖြင့် ကြိုတင်ပြင်ဆင်ထားလို့ ရစေရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့မှာ ရေအားလျော့နည်း ပြတ် တောက်မှုများ ဖြစ်သွားမည်ဟု ရန်ကုန်မြို့နယ်စည်ပင်သာယာ ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ကြေညာထားပါတယ်။

Google

ရေအားလျော့နည်း ပြတ် တောက်မည့် အကြောင်းအရင်းမှာ ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) မှ ဒုတိယအဆင့် ရေတွန်းစက်ရုံဝန်းအတွင်းရှိ 64” Ф MS Pipe နှင့် 1600 mm Ф HDPE Pipe အဆက်နေရာ ရေစိမ့်ထွက်နေတာကြောင့် ပြန်လည်ပြင်ဆင်မှုပြုလုပ်ရန်အတွက်လို့ သိရပါတယ်။ အဆိုပါနေရာများကို  နိုဝင်ဘာ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် ပြန်လည်ပြင်ဆင်ကြမှာဖြစ်လို့  နိုဝင်ဘာ ၂ ရက်နေ့နဲ့ ၃ ရက်နေ့များမှာ ရေအားပြတ် တောက် လျော့နည်းမှုများရှိမယ်လို့ သိရပါတယ်။

Google

ရေအားလျော့နည်းပြတ် တောက်မည့်မြို့နယ်များမှာ

မြောက်ဥက္ကလာပ

ရွှေပေါက္ကံ

တောင်ဥက္ကလာ

သင်္ကန်းကျွန်း

ဒဂုံမြို့သစ်မြောက်ပိုင်း

ဒဂုံမြို့သစ် (အရှေ့ပိုင်း)

ဒေါပုံ

တာမွေမေတ္တာညွန့်ရပ်ကွက်နှင့်

မင်္ဂလာဒုံမြို့နယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါမြို့နယ် ၉ မြို့နယ်မှာ ရေအား ပြတ် တောက်မှုများ ဖြစ်နိုင်တာကြောင့် အဆိုပါမြို့နယ် ၉ မြို့နယ်မှာ နေထိုင်ကြတဲ့ သူများ ကြိုတင်ပြင်ဆင်ထားနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။