လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေအိမ်များကို ဒီကနေ့အောက်တိုဘာလ ၂၈ ရက်နေ့တွင်စတင်ရှင်းလင်းနေပြီလို့ သိရပါတယ်။ လှိုင်သာယာမြို့နယ်တွင်းမှာ စီမံကိန်းတွေ စတင်ဆောင်ရွက်တော့မယ်လို့ ကြေညာပြီး မကြာမီမှာပဲ အခုလို မျိုးကျူးကျော်တွေကို စတင်ဖယ်ရှားနေတာလို့ သိရပါတယ်။

Credit to Original Uploader

ယနေ့ မနက်ပိုင်းမှာတော့ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားဘေးမှာရှိတဲ့ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေး ဘယ်ညာ မှာရှိတဲ့ ကျူးကျော် နေအိမ်တွေကို စတင်ဖျက်ဆီးနေပြီဖြစ်ပါတယ်။ ကျူးကျော်နေအိမ်တွေကို ဖြိုဖျက်ရာမှာ ဘူဒိုဇာကားများ ၊ အထိကရုဏ်းနှိမ်နှင်းရေးကားများ ၊ အချုပ်ကားများ ၊ စစ်ကားများနှင့်ရဲကားများ ၊ စည်ပင်ကားများ အလုံးအရင်းနှင့်ပါဝင်ကာ ဖြိုဖျက်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဖြတ်သန်းသွားလာနေသော ဆိုင်ကယ်များ တွေ့ပါကလည်း ချက်ချင်း ဖမ်းဆီးစစ်ဆေးနေကြောင်း သိရပါတယ်။

Credit to Original Uploader

ကျူးကျော်နေအိမ်တွေကို ဖယ်ရှားရာမှာ ဘုရင့်နောင်တံတားကို ပိတ်ပြီး အင်အားအလုံးအရင်းနှင့် ဖယ်ရှားနေတာဖြစ်ပါတယ်။ အခုလို ဖြိုဖျက်မှုကြောင့် ကျူးကျော်နေအိမ်များတွင် နေထိုင်နေကြတဲ့ ပြည်သူများ အခက်အခဲဖြစ်နေကြတယ်လို့လည်း သိရှိရပါတယ်။

Credit to Original Uploader
Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။