ယခင်ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့တဲ့ သူတွေကို တရားစွဲရန်အတွက် စကစ ခန့် ရွှေးကောက်ပွဲကော်မရှင်မှ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့တုန်းက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားတစ်ခုတည်းနှင့်  ဆန္ဒမဲကို တစ်ကြိမ်အထက်ပေးခဲ့တဲ့သူတွေကို ကိုပြန်လည် စိစစ်နေတယ်လို့ သိရပါတယ်။

Google

တစ်ကြိမ်အထက် မဲပေးခဲ့တဲ့သူဆိုသည်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ်တူ ၊ အမည်တူတာနှင့် ကျန်တဲ့အချက်အလတ် အားလုံးတူတဲ့မဲဆန္ဒရှင်တစ်ယောက်တည်းမှ မဲရုံမှာရော ကြိုတင်မဲပေးခဲ့တာရော (သို့မဟုတ်) အကြောင်းကြောင်းကြောင့် မဲနှစ်ကြိမ်ပေးမိခဲ့တဲ့ သူမျိုးကို ဆိုလိုတာလို့ သိရပါတယ်။ မဲနှစ်ကြိမ်နှင့်အထက်ပိုပြီးပေးခဲ့မိသူများကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ရဲစခန်းမှာ အမှုဖွင့် အရေးယူဖို့ အကြောင်းကြားထားပြီလို့လည်း သိရပါတယ်။

တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့တဲ့သူတွေကို ရာဇသတ်ကြီး ပုဒ်မ ၁၇၁-စ အရ တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ စကစခန့် ရွေး/ကော်ကဆိုပါတယ်။

Google

တစ်ကြိမ်ထက်ပိုပြီးမဲပေးခြင်းက ရွေးကောက်ပွဲပျက်ပြားစေဖို့ ဆောင်ရွက်တာဖြစ်တာကြောင့် နောက်တစ်ကြိမ်အမှားအယွင်းမလုပ်နိုင်အောင် အခုလို အရေးယူမှုမျိုး လုပ်ရတာဖြစ်ကြောင်း ဆိုထားပါတယ်။ ဒါကြောင့် သက်ဆိုင်ရာမြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့သူများအား စိစစ်ပြီး ပုဒ်မ ၁၇၁ - (ဃ) ဖြင့် တရားစွဲဆိုရန် အကြောင်းကြားထားတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။