ပဲခူးမြို့ ကျီးတောင်တောရ မြွေဘုရားကျောင်းတိုက်တွင် တည်ရှိသော အထင်ကရမြွေမယ်တော်ကြီး စောနန်းဝေဟာ ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရှိရပါတယ်။
မြွေမယ်တော်ကြီး စောနန်းဝေရဲ့ ဇာတိဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် ၊ ဘောကြိုဘုရား သိုက်နန်းမှ ဖြစ်တယ်လို့ သိရှိရပြီး မြွေမယ်တော်ကြီးဟာ ရှမ်းပြည်နယ်မှ ရန်ကုန်သာကေတမြို့နယ်ကို အရင်ဆုံးရောက်ရှိလာခဲ့တာလို့ သိရှိရပါတယ်။ ရန်ကုန် သာကေတ မြို့နယ်မှ တစ်ဆင့် ဘေးမဲ့တော (သို့မဟုတ်) ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ပို့မည့်အချိန်တွင် ၁၅ နှစ် အရွယ် သမီးငယ်လေးအား ဝင်ရောက်ပူးခဲ့ပြီး အတိတ်ဘဝအကြောင်းတွေ ပြန်လည်ပြောပြခဲ့တာကြောင့် မပို့ဖြစ်တော့ဘဲ ပဌာန်းဆက်ရှိရာ ပဲခူးမြို့ရှိ ကျီးတောင်ဆရာတော်ဘုရားကြီး (ကွယ်လွန်တော်မူ) သီတင်းသုံးခဲ့ရာ ကျီးတောင်တောရ ထံသို့ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
မြွေမယ်တော်ကြီး စောနန်းဝေဟာ ကွယ်လွန်သွားချိန်မှာ သက်တော် (၁၃၃) နှစ်ရှိပြီဖြစ်ပါတယ်။ မကွယ်လွန်ခင်အချိန်အထိ သာသနာပြုလုပ်ငန်းများစွာ ဆောင်ရွက်ခဲ့တဲ့ မြွေမယ်တော်ကြီးဖြစ်တာကြောင့် သူမရဲ့ ပဌာန်းဆက် သာသနာပြုသက်တမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့လူအများက သုံးသပ်ထားကြပါတယ်။ ဒါကြောင့်လည်း နောင်ဘဝမှာ လူ့ဘဝကို ပြန်လည်ဝင်စားနိုင်စေဖို့အတွက် ဆုတောင်းပေးထားကြပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။