ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် လပြည့်ကျော် ၁ ရက်နေ့ က ခိုင်နှင်းဝေရင်သွေးလေးများဂေဟာရှေ့ကို ကလေးငယ်လေးတစ်ယောက် လာရောက်စွန့်ပစ်သွားခဲ့ပါတယ်။ ကလေးငယ်လေးကို ဘာမှသန့်စင်ထားခြင်းမရှိဘဲ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာရှေ့မှာရှိတဲ့ တာလပတ်စ အောက်မှာ မွေးမွေးချင်းပုံစံလေးအတိုင်း လာရောက်စွန့်ပစ်သွားခဲ့တာပါ။

Khine Hnin Wai's Facebook 
Khine Hnin Wai's Facebook 

ထပ်မံစုံစမ်းပြီးတဲ့နောက်မှာတော့ ကလေးငယ် သားသားလေးကို သီတင်းကျွတ်လပြည့်နေ့မှာ မွေးဖွားခဲ့တာဖြစ်တယ်လို့ ပရဟိတမင်းသမီး ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ထားပါတယ်။ကလေးလေးက ရက်သားလေးပဲရှိသေးတာတောင် ပါးဖောင်းဖောင်းလေး အသားရဲရဲလေးနဲ့ တော်တော်လေးကို ချစ်ဖို့ကောင်းနေတာပါ။ လူမှုကွန်ရက်စာမျက်နှာပေါ်က လူအများကလည်း စမြင်မြင်ချင်းမှာကတည်းက အရမ်းကို ချစ်နေကြပါတယ်။

Khine Hnin Wai's Facebook 
Khine Hnin Wai's Facebook 

ကလေးငယ်လေးက ယောကျာ်းလေးလည်းဖြစ် လပြည့်နေ့မှာ မွေးဖွားတဲ့ကလေးလေးလည်းဖြစ် ကျန်းမာရေးလည်း ကောင်းမွန်တာကြောင့် သာသနာအကျိုးအများကြီးသယ်ပိုးနိုင်တဲ့ သားထူးသားမြတ်လေး ဖြစ်ပါစေဆိုပြီး ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝမ်းသာကြည်နူးစွာ ရေးတင်ထားပါတယ်။

Khine Hnin Wai's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။