နွေဦးတော်လှန်ရေးကာလအတွင်းမှာ စစ်ကောင်စီဘက်က ဖမ်းဆီးထိမ်းသိမ်းခဲ့သည့်သူများထဲတွင် မိုးကုတ် မြို့က ရေပူကျောင်းတိုက်ဆရာတော်ဦးဣန္ဒ  နှင့် တပည့်ဖြစ်သူ ဦးဇင်းရေဝတတို့လည်း ပါဝင်ခဲ့ပါတယ်။

စစ်ကောင်စီမှ ရေပူကျောင်းတိုက်ဆရာတော် နှင့် တပည့်ဖြစ်သူတို့ကို မိုးကုတ်မြို့ဆန္ဒပြမှုများကို ဦးဆောင်သည်ဟုဆိုကာ မတ်လ ၁၁ ရက်နေ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဆရာတော်ကြီးနှင့် တပည့်ဖြစ်သူကို ဧပြီလထဲမှာ လူဝတ်လဲကာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပြီး ၆ လ ကျော်အကြာမှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

Facebook
Facebook

မနေ့က အောက်တိုဘာလ ၁၈ ရက်နေ့ အိုးဘိုအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများထဲတွင် ရေပူကျောင်းဆရာတော်နှင့် တပည့်ဖြစ်သူတို့ ပါဝင်လာခဲ့ပါတယ်။ ဦးအိုအကျဉ်းထောင်မှာ အကျဉ်းသား (၇၇) ဦး အကျဉ်းသူ (၃) ဦး စုစုပေါင်း (၈၀) ဦး ပြန်လည်လွှတ်ငြိမ်းခွင့်ပေးလိုက်ပြီဟု စစ်ကောင်စီမီဒီယာမှ ကြေညာထားပါတယ။်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။