မကြာသေးမီအချိန်က ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း နှင့် ရွှေဘဏ်တို့မှ ရွှေကို ဘဏ်ကနေ တစ်ဆင့်ရောင်းချမည့် Paper Gold (စက္ကူရွှေ) စနစ်အကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် Paper Gold အကြောင်းဟာဆိုရင် လူစိတ်ဝင်စားမှု တော်တော်လေးကို များပြားလျှက်ရှိပါတယ်။

Crd to original uploader

Paper Gold စနစ်ဟာ မိမိဝယ်ယူထားသည့် ရွှေတုံးများကို ဘဏ်ကိုသွားအပ်ထားပြီး ဘဏ်ကနေ မိမိအပ်နှံထားသည့် ရွှေ တန်ဖိုး ၊ အလေးချိန်နှင့် ညီမျှသည့် ရွှေတုံးအပ်နှံထားမှု ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ထုတ်ပေးမည့် သဘောလို့သိရပါတယ်။

Google

ရွှေတုံးအချင်းချင်းအရောင်းအဝယ် ပြုလုပ်တဲ့သဘောမျိုးမဟုတ်ဘဲ အဆိုပါအသိအမှတ်ပြုလက်မှတ်နှင့် အရောင်းအဝယ်ပြုလုပ်နိုင်မည့် သဘောလို့ သိရပါတယ်။ ဒီလို လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတကာအဆင့်မီ ရွှေဈေးကွက် ဖြစ်လာစေနိုင်ပြီး ရွှေဈေးကွက်ကို တည်ငြိမ်စေနိုင်တယ်လို့လည်း အသင်းကဆိုထားပါတယ်။

Google

Paper Gold ကိုစတင်အကောင်အထည်ဖော်ရင် ပြည်သူတွေအနေနဲ့ ရွှေသန့်စင်မှုရာခိုင်နှုန်း ၊ ရွှေအတုအစစ်ဖြစ်ကြောင်းတို့ နှင့်ပတ်သတ်ပြီး စိတ်ပူစရာမလိုခြင်း၊ ရွှေအတုံးလိုက် လက်ဝယ် ကိုင်ဆောင်ထားဖို့ မလိုတာကြောင့် သူခိုးဓားပြများရန်မှ ကာကွယ်နိုင်ခြင်း တို့နှင့်ပတ်သတ်ပြီး အကျိုးကျေးဇူးတွေရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ရွှေအတုံးအချင်းချင်း ရောင်းဝယ်ဖို့ ခက်ခဲခြင်း ၊ဘဏ်များကို ယုံကြည်မှုနှင့်ပတ်သတ်ပြီး အရဲစွန့်ရာရောက်ခြင်း ၊ Paper Gold ဖြင့် အရောင်းအဝယ်ပြုလုပ်ရာတွင် ငွေသားပြန်ရနိုင်ဖို့ ခဲယဉ်းခြင်းတို့ စတဲ့ ဆိုးကျိုးတွေလည်းဖြစ်စေနိုင်တယ်လို့ ပညာရှင်များမှ ယူဆထား ကြပါတယ်။

Google

Paper Gold စနစ် အကောင်အထည်ဖော်မည့် ကိစ္စနှင့်ပတ်သတ်ပြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဗဟိုဘဏ်နှင့် ညှိနှိုင်းလျှက်ရှိတုန်းပဲဟု သိရပြီး စတင်အကောင်အထည်ဖော်ဖို့ အတည်ပြုချက်မရရှိသေးဘူးလို့ သိရပါတယ်။ ပြည်သူများအနေနှင့် နိုင်ငံရေးအခြေအနေကြောင့် မတည်မငြိမ်ဖြစ်နေသောဘဏ်များကို ယုံကြည်မှုကင်းမဲ့နေပြီး အခုလို Paper Gold အကောင်အထည်ဖော်မည့်ကိစ္စကို အောင်မြင်နိုင်ဖို့ ခဲယဉ်းတယ်လို့လည်း သုံးသပ်ထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။