ပညာရေးနဲ့အလှမ်းတော်တော်ဝေးနေပြီတဲ့ မိုးလာခိုကြတဲ့ စစ်ရှောင်ကလေးလေးတွေကို ပြည်သူတစ်ဦးမှ သင်ယူစရာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတွေ ပြသပေးခဲ့ပါတယ်။ သင်ကြားရေးနှင့်ပတ်သတ်တဲ့ သင်ယူစရာလေးတွေ ပြသပေးခဲ့ရာ စစ်ရှောင်ကလေးလေးတွေအနေနဲ့ အရမ်းကို သင်ယူလိုစိတ် ၊ သင်ယူချင်စိတ် ပြင်းထန်နေပြီး သင်ကြားရေးနဲ့ပတ်သတ်တဲ့ စာများကို စိတ်ဝင်တစားလိုက်ကြည့်ကြတယ်လို့ သိရပါတယ်။

Photo - Facebook

ဒါကြောင့် ဒီလို ကလေးလေးတွေထဲကနေ အနာဂတ်မှာ အောင်မြင်သူတွေ ၊ ခေါင်းဆောင်ကောင်းတွေ ပေါ်လာနိုင်တာကြောင့် စစ်ဘေးရှောင်ကလေးလေးတွေ သင်ကြားရေးဆက်လက်လုပ်ဆောင် နိုင်ရန်အတွက် IDP Library ပရောဂျက်လေးကိုလည်း စတင်အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo - Facebook

စစ်ဘေးရှောင်ကလေးလေးတွေရဲ့ သင်ကြားရေးအတွက် လိုအပ်တဲ့ ကလေးဖတ်စာအုပ်လေးတွေ ကိုလည်း လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ ကရင်နီပြည်က စစ်ရှောင်ကလေးလေးတွေနဲ့ ပတ်သတ်လို့ လှူဒါန်း ကူညီ ချင်ပါက YKSF အမည်ရှိ Facebook စာမျက်နှာမှာ ကိုယ်တိုင်ကိုယ်ကြ သွားရောက် စုံစမ်း မေးမြန်းနိုင်ပါတယ်နော် ။

Photo - Facebook
Photo - Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။