၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၇ ရက် တွင် ၊ ဂျပန်နိုင်ငံအိုဆာကာမြို့ ၊ Kyoubashi ဘူတာအနီးတွင် Kansaii Student Network နှင့် Burma Relief Center Japan တို့မှ ကျောင်းသူလေးများ ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် ရန်ပုံငွေကောက်ခံပွဲ ပြုလုပ်ခဲ့ကြပါတယ်။

Photo - Crd to Original Uploader

ရန်ပုံငွေကောက်ခံပွဲတွင် ဂျပန်အထက်တန်းနှင့် အလယ်တန်းကျောင်းသူများအပြင် ဘွဲ့လွန်တတ်ရောက်နေသော ဂျပန်ကျောင်းသူလေးများ ၁၀ ယောက်ကျော်ခန့် ပါဝင်တယ်လို့ သိရပါတယ်။

Photo - Crd to Original Uploader

ရန်ပုံငွေကောက်ခံပေးနေတဲ့ ဂျပန်ကျောင်းသူလေးများရဲ့ ရည်ရွယ်ချက်က သူတို့ရဲ့ အားထုတ်မှုလေးတွေကနေ မြန်မာနိုင်ငံအတွက် ထောက်ပံ့မှုလေးတစ်ခု ဖြစ်စေချင်ပြီး မြန်မာနိုင်ငံအတွက်အကူအညီလေး တစ်ခု ရစေချင်တာဖြစ်ကြောင်း ပြောထားပါတယ်။

Photo - Crd to Original Uploader

Kansai Student Network ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Ritsumeikan တက္ကသိုလ်၏ ဘွဲ့လွန်ကျောင်းသူ မစ္စ Sakai ရဲ့ ပြောဆိုချက်အရ သူမအခုလို ဝင်ရောက်အားဖြည့်ကူညီပေးနေရတဲ့ အကြောင်းအရင်းဟာ မြန်မာနိုင်ငံက သူမနှင့်သက်သူ ရွယ်သူလေးတွေ ဒုက္ခမျိုးစုံခံစားနေရပြီး များစွာ ဒုက္ခရောက်နေကြတာကြောင့် ကိုယ်ချင်းစာမိပြီး စိတ်မကောင်းဖြစ်လွန်းတာကြောင့် အခုလို ပါဝင်ဖြစ်တာလို့ သိရပါတယ်။

Photo - Crd to Original Uploader

ဂျပန်လူမျိုးများဟာ မြန်မာပြည်အတွက် ရန်ပုံငွေကောက်ခံပေးခြင်း ၊ ဆန္ဒပြပွဲများတွင် ပါဝင်ပေးခြင်းတို့ကို ကိုယ်တိုင်ကိုယ်ကြ အားတတ်တရော ပါဝင်ဆောင်ရွက်ပေးနေတဲ့ သူများဖြစ်ကြပါတယ်။ အရင်က မြန်မာပြည်အတွက် ရန်ပုံငွေကောက်ခံပွဲများတွင် ဂျပန်လူမျိူး လူကြီးများသာ ပါလေ့ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ဆယ်ကျော်သက်အရွယ် ဂျပန်လူမျိုး ကျောင်းသူလေးများပါ အားတတ်သရော ပါဝင်လာတာကို တွေ့ရပါတယ်။

Photo - Crd to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။