သီတင်းကျွတ် ပိတ်ရက် ခရီးထွက်ကြရန်အတွက် ရန်ကုန် မြို့ အဝင်အထွက်နေရာဖြစ်တဲ့ တိုးဂိတ်မှာ ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့  ခရီသွားကားများဖြင့် ပြည့်ကျပ် လျှက်ရှိပါတယ်။ မိုးလင်းကနေ နေ့လည်စောင်းအထိ ကားများဖြင့် ပြည့်ကျပ် လျှက်ရှိပြီး အချိန်အတော်ကြာ တိုးဂိတ်ကို ဖြတ်ဖို့အတွက် ကားများ တန်းစီစောင့်ဆိုင်း နေကြတယ်လို့ သိရပါတယ်။

Photo Credit
Photo Credit

ယမန်နှစ်တွေမှာလည်း သီတင်းကျွတ်ပိတ်ရက်တွေဆိုရင် အခုလိုပဲ အမြန်လမ်းမှာ ကားတွေကျပ်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ နိုင်ငံရေးအခြေအနေ၊ ကပ်ရောဂါအခြေအနေတို့ကြောင့် ခရီးအထွက်နည်းမယ်လို့ ယူဆခဲ့ကြတာပါ။ အခုလိုမျိုး စည်ကားလျှက် ရှိနေတာတွေရတော့ အံ့သြနေတဲ့သူတွေလည်း ရှိပါတယ်။

Photo Credit
Photo Credit 

ဒါ့အပြင် ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ်ရှိ ချောင်းသာ၊ငွေဆောင်ကမ်းခြေတွေမှာလည်း သီတင်းကျွတ်ရုံးပိတ်ရက်အတွက်  ဟိုတည်၊တည်းခိုခန်းများ အားလုံး ကြိုတင် ဘိုကင်တွေနဲ့ ပြည့်လုနီးပါးဖြစ် နေတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။