အသက် ၂၄ နှစ်အရွယ်ရှိတဲ့ မောင်ဝင်းလှိုင်ဆိုသည့် လူငယ်လေးသည် ဘွဲ့ရပညာတတ်လေးတစ်ယောက်ဖြစ်ပါလျှက် လွန်ခဲ့တဲ့ ၁ နှစ်ကဖြစ်ခဲ့တဲ့ သွေးတိုးရောဂါကြောင့် လက်ရှိမှာ ကျောက်ကပ်ရောဂါခံစားနေရပါတယ်။ ညီအစ်ကိုမောင်နှမ အားကိုးစရာမရှိတာရယ်၊ ခေတ်ကာလ အခြေအနေမကောင်းတာရယ်ကြောင်း အမြဲတမ်းလိုလို ကျောက်ကပ်ဆေးဖို့ လိုအပ်နေတဲ့ မောင်ဝင်းလှိုင်အတွက် အခက်အခဲတော်တော်လေးဖြစ်နေပါတယ်။

Facebook

လက်ရှိမှာ ရောဂါအခြေအနေက ပိုပိုဆိုးရွားလာပြီး ငွေကြေးအခက်အခဲလည်းတော်တော်ဖြစ်နေတာကြောင့် စေတနာရှင် အလှူရှင်များအနေနဲ့ မောင်းဝင်းလှိုင်နေထိုင်တဲ့ လိပ်စာဆီကို တိုက်ရိုက်တော်လည်းကောင်း ၊ Wave Money / Kpay ဖုန်းနံပါတ်ဖြင့် ၅၀၀ ၊ ၁၀၀၀ တော်လည်းကောင်း စေတနာရှိသလောက် အလှူငွေလေး ကူညီပေးနိုင်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာလေးမှာ ရေးတင်ထားပါတယ်။

Facebook
Facebook
Facebook
Facebook

မောင်ဝင်းလှိုင်နေထိုင်တဲ့ လိပ်စာက အမှတ်၈၆ ၊ သုခလမ်းသွယ် ၊ ရွာမအနောက်၊ အင်းစိန်မြို့နယ်မှာ ဖြစ်ပြီး Wave Money /Kpay ဖြင့်အလှူငွေထည့်နိုင်သည့် ဖုန်းနံပါတ်က 09451256530 ဖြစ်တယ်လို့လည်းသိရပါတယ်။ ဝေဒနာခံစားနေရသူနဲ့တိုက်ရိုက်ဆက်သွယ်ပြီး လှူဒါန်းနိုင် ရန်အတွက် မောင်ဝင်းလှိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။

Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။