ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကိုးကန့်ဒေသ ၊ လောက်ကိုင်မြို့မှာ ကိုးကန့် နှင့် မြန်မာ ဘာသာစကားနှစ်မျိုးဖြင့် သင်ကြားပေးမယ့် အဆင့်မြင့်အခမဲ့ ပုဂ္ဂလိကကျောင်းတော်ကြီးကို မကြာခင်မှာ ဆောက်လုပ်တော့မယ်လို့ သိရှိရပါတယ်။ကျောင်းတော်ကြီးကို လောက်ကိုင်မြို့ ၊ အမှတ် (၃)  ရပ်ကွက် ၊ ဆင်ဖြူဝိုင်းရွာရှိ (၁၂၅) ဘက်မှာဆောက်လုပ်မှာ ဖြစ်ပြီး ကျောင်းတော်ကြီးရဲ့ အရွယ်အစားက (၁၀) ဧက တိတိကျယ်ဝန်းတယ်လို့ သိရှိရပါတယ်။

KSWF

ကျောင်းတော်ကြီးကို ဦးဆောင်ပြီး တာဝန်ယူဆောက်လုပ်ပေးမယ့်သူက ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း (KSWF) ရဲ့ ဥက္ကဌ ဒေါ်ချောချောအေး ဖြစ်ပါတယ်။ ကျောင်းအဆောက်အအုံကြီးအတွက် တရုတ်ယွမ်ငွေ သိန်း ၃၀၀ (မြန်မာငွေ သိန်း ၈ သောင်းကျော်) အကုန်အကျခံပြီး ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။

KSWF

ဒေသတွင်းမှာ ပညာရေးစနစ်က အခြားနေရာတွေထက်နောက်ကျတာကြောင့် ကျောင်းတော်ကြီးကို ဆောက်လုပ်ပြီးတာနဲ့ ဒေသကိုပြန်လွှဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။  ကျောင်းတော်ကြီး ဖွင့်လှစ်ရင် အခြားဒေသကလူတွေကိုပါ တတ်ရောက်ခွင့် လက်ခံပေးသွားမှာဖြစ်ပေမယ့် ပညာရေးသင်ကြားခွင့် ဆုံးရှုံးနေတဲ့ဒေသတွင်းရှိ တိုင်းရင်းသားတွေကို ဦးစားပေးလက်ခံသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။  ကျောင်းစရိတ်၊ နေစရိတ် ၊ စားစရိတ် အစစအရာရာ အားလုံး အခမဲ့ဖြစ်တယ်လို့ဒေါ်ချောချောအေးမှ ဆိုထားပါတယ်။

KSWF
KSWF
KSWF
KSWF

ကျောင်းတော်ကြီးကို လာမယ့် နိုဝင်ဘာလမှာ စတင်ဆောက်လုပ်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ် သို့မဟုတ် ၂၀၂၃ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ ရာထားတယ်လို့ သိရှိရပါတယ်။

KSWF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။