ယမန်နေ့အောက်တိုဘာလ ၁၄ ရက်နေ့မှာ လက်ဘနွန်နိုင်ငံ ၊ ဘေရွတ်ပြည်နယ်တွင် စစ်တပ်နှင့်ဆန္ဒပြသူများ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၆ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

လက်ဘနွန်ကြက်ခြေနီအသင်းရဲ့ ပြောကြားချက်အရ ဆန္ဒပြသူများကို ဖြိုခွင်းရင်း လက်ဘနွန်စစ်တပ်နှင့် ဆန္ဒပြသူများအကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

CGTV

ဆန္ဒပြသူများသည် Hezbollah ထောက်ခံသူများဖြစ်ကြပြီး ယမန်နှစ်ဆိပ်ကမ်းပေါက်ကွဲမှုအား စုံစမ်းစစ်ဆေးနေသည့် တရားသူကြီးအား ဖယ်ရှားပေးရယ် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ လက်ဘနွန်စစ်သားတွေက လမ်းမထက်မှာတွေ့တဲ့ ဘယ်လက်နက်မျိုးမဆို ကိုင်ဆောင်ထားသူမှန်သမျှကို ပစ်မယ်လို့ သတိပေးလိုက်တာကြောင့် ဆန္ဒပြသူတွေနှင့် ပြည်သူများအကြား တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

CGTV
CGTN

ပစ်ခက်မှုမြင်ကွင်းများက စစ်ပွဲအလားဖြစ်ခဲ့ပြီး လက်ဘနွန်ပြည်ရဲ့ ပြည်တွင်းသတင်းဌာနများကလည်း ပစ်ခက်မှုဖြစ်စဉ်ကို ဖော်ပြသွားတယ်လို့သိရပါတယ်။ အပစ်ခံရပြီးသေဆုံးသွားသူများအနက် အမျိုးသမီးတစ်ယောက်ကို အိမ်မှာနေရင်း ကျည်ဆံမှန်ကာ သေဆုံးသွားတယ်လို့ထုတ်ပြန်ထားပါတယ်။

CGTN
CGTN
CGTN

ပစ်ခက်မှုအခြေအနေ ရုပ်သံဗီဒီယိုလေးတွေကို အောက်မှာဝင်ကြည့်သွားနိုင်ပါတယ်။ 

ပစ်ခတ်မှုများအကြား ပြေးလွှားနေသော ပြည်သူများရုပ်သံဖိုင် 
ပစ်ခတ်မှုအခြေအနေရုပ်သံဖိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။