ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ဟာဆိုရင် ထိုင်းဘုရင်ကြီး ဘူမိဘောကွယ်လွန်ခဲ့တဲ့ နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ ထိုင်းဘုရင်ကြီး ဘူမိဘောက အသက် ၈၈ နှစ်အရွယ် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ၂၀၁၇ ခုနှစ်မှစလို့ နှစ်စဉ်နှစ်တိုင်း ကွယ်လွန်ခြင်းနှစ်ပတ်လည်အခန်းအနားတွေ ကျင်းပခဲ့တာဖြစ်ပါတယ်။

Google

 နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၁၃ ရက်နေ့ကို ဘုရင်ကြီးဘူမိဘောကွယ်လွန်ခြင်းနှစ်ပတ်လည်နေ့နဲ့ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။

Bangkok Post

ထိုင်းဘုရင်ကြီး ဘူမိဘောကို အောက်မေ့သတိရခြင်း အထိန်းအမှတ်အနေနဲ့ ထိုင်းပြည်သူများက နှစ်စဉ်အောက်တိုဘာလ ၁၃ ရက်နေ့မှာ အင်္ကျီအဝါရောင်ဝတ်ဆင်ပြီး လမ်းများ ၊ကမ်းခြေများတွင် အမှိုက်များကောက်ခြင်း၊ အစားအသောက်များဝေခြင်း နှင့် အခြားအလှူအတန်းပွဲများလုပ်လေ့ရှိပါတယ်

Google

ဒါပေမယ့် ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အလှူအတန်း ပွဲတော်နှင့်ပတ်သတ်တာမျိုး တစ်ခုမှ မလုပ်ရဘူးလို့ ထိုင်းအစိုးရက မှာကြားထားပါတယ်။ အကျဉ်းချုံးအနေနဲ့လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူများအနေနဲ့ ပွဲတော်လုပ်ဆောင်ချင်ပါက လူ ၁၂ ယောက်ထက်ပိုမစုဝေးရဘဲ သီးသီးသန့်သန့်သာ လုပ်ဆောင်သွားရမယ်လို့ မှာကြားထားပါတယ်။ ဒီကနေ့အောက်တိုဘာလ ၁၃ ရက်နေ့ရဲ့ အောက်မေ့ခြင်းအထိန်းအမှတ်ပုံရိပ်များကို အောက်မှာကြည့်သွားနိုင်ပါတယ်။

Credit to original uploader
Credit to original uploader
Credit to original uploader
Credit to original uploader

ထိုင်းနိုင်ငံရဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေမှာလည်း အောက်မေ့ခြင်းအထိန်းအမှတ်အနေနဲ့ ဘုရင်ကြီး ဘူမိဘောရဲ့ အမှတ်တရပုံရိပ်တွေကို သောကြာနေ့အထိ ထည့်သွင်း ပြသပေးသွားမယ်လို့သိရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။