မဟာဗောဓိမြိုင် ဆရာတော်ကို စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊မင်းကုန်းကျေးရွာ တွင် ဖခင်ဦးဘစံ နှင့် မိခင်ဒေါ်မေ တို့မှ (၁၃၀၃) ခုနှစ် ဝါဆိုလပြည့်နေ့ ည(၁)နာရီ၊ အင်္ဂါနေ့တွင် ဖွားမြင်ခဲ့ပြီး ငယ်နာမည်မှာ မောင်ငြိမ်းမောင် ဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးဟာ ယခင်ဘဝကအကိုကြီးဖြစ်ခဲ့သူထံ ယခုဘဝဖခင် အဖြစ်ပြန်ဝင်စားတယ်လို့လည်း ကြားသိရပါတယ်။ဆရာတော်ဟာ (၁၃၁၇) ခုနှစ်၊တပို့တွဲ လပြည့်ကျော် (၆) ရက် စနေနေ့တွင် မိခင် ရဲ့ ပစ္စယာနုဂ္ဂဟဖြင့် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ထံတွင် ရှင်သာမဏေ ပြုခဲ့ပြီး ဘွဲ့အမည် ရှင်ဉေ ယျ ဟု ကိုယ်တိုင် ခံယူခဲ့ပါတယ်။
ဆရာတော်ဘုရားကြီးဟာ (၁၃၃၇) ခုနှစ်မှစ၍ ပုတီးစိပ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ တောတောင်များသို့ လှည့်လည်ခြင်း၊ ဘုရားတည်ခြင်း ၊ ပြုပြင်ခြင်း ၊ မွမ်းမံခြင်းများ စတင်ဆောင်ရွက်ခဲ့ပါတယ်။ဆရာတော်ဘုရားကြီးရဲ့တည်ကြည်ဖြောင့်မတ်မှု နှင့် လေးစားကြည်ညိုဖွယ်အချက်များကြောင့် ကိုးကွယ်ဆည်းကပ်သူများပိုမိုများပြားလာတာဖြစ်ပါတယ်။
လက်ရှိမှာလည်း အင်တာနက်ပေါ်မှာ ဆရာတော်ဘုရားရဲ့ ခြေရာတော်အကြောင်း အင်မတန်ပျံ့နှံနေတာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီး ကြွသွားတဲ့ စင်္ကြတစ်လျှောက်မှာ ခြေရာဟာနစ်ဝင်နေခြင်းမဖြစ်ပဲ ဖောင်းကြွနေတာကြောင့် ပိုမို ကြည်ညိုလာကြသူများ တိုးပွားလာပါတော့တယ်။ဒါ့အပြင် လက်ရှိမှာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ရွှေဘိုမြို့ ၊ ဉေယျဓမ်တောရတွင် ဆွမ်းခံကြွလျက်ရှိရာ ကြည်ညိုသူအပေါင်းက သွားရောက်ဖူးမြော်နေကြတာဖြစ်ပါတယ်။သွားရောက်ဖူးမြော်သူများဟာ နေ့စဥ်ပိုမိုများပြားလာတာဖြစ်ပြီး ကားလမ်းများပိတ်သည်အထိပင် တိုးပွားလာတယ်လို့လည်းသိရပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။