အောက်တိုဘာလ ၇ ရက်နေ့က ပါကစ္စတန်နိုင်ငံ မှာ အင်အား ၅.၉ အဆင့်ရှိတဲ့မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင်း အနည်းဆုံးလူ ၂၀ ဦးသေဆုံးသွားခဲ့ပြီး လူပေါင်းရာနှင့်ချီပြီး ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။

REUTERS

ငလျင်က နံနက် ၃ နာရီအချိန်မှာ လှုပ်ခတ်လာတာဖြစ်ပါတယ်။ လူအများအိပ်စက်နေတဲ့အချိန်မှာ လှုပ်ခတ်လာတာဖြစ်တာကြောင့် အများစုကထွက်ပြေးတိမ်းရှောင်ဖို့ မသိလိုက်ဘဲ အဆောက်အဦးတွေပြိုကျတဲ့ထဲ ပါကုန်ကြတာဖြစ်ပါတယ်။

CGTN

အသက် ၄၀ နှစ်အရွယ် Munir Shah အမည်ရှိ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပဲပြောကြားထားပါတယ်။

“ငလျင်လှုပ်လာတုန်းက ကျွန်တော်အိပ်ပျော်နေတာပါ။ ကျွန်တော့်အိမ်ကြီး တုန်လာတော့မှ သိတာပါ။ သိသိချင်း ကျွန်တော့် မိန်းမနဲ့ကလေးကိုအိမ်ပြင်ခေါ်ထုတ်လာတာ။ အိမ်ကြီးက လှုပ်လာတာများကြောက်စရာကြီးဗျာ။ ကျွန်တော့်အိမ်လည်း ပျက်စီးသွားတဲ့ထဲပါသွားပါတယ်။ အကျိုးအပဲ့အပျက်အစီးတွေကြားထဲမှာ လူတွေကိုတွေ့တယ်။ တချို့တွေကလည်း အသက်မရှိကြတော့ဘူး။ သေကုန်ကြပြီ။”

CGTN
CGTN

စုစုပေါင်းအိမ်ခြေ ၂၅၀ ခန့်လောက် ပြိုကျပျက်စီးခဲ့ပြီး သေဆုံးသူအများစုက အိမ်ခေါင်မိုးတွေပြိုကျတာကြောင့် ပိပြီး သေဆုံးသွားကြတာလို့သိရပါတယ်။

REUTERS
CGTN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။