နှစ်စဉ်နှစ်တိုင်းရိုးရာမပျက် ကျင်းပပြုလုပ်လေ့ရှိတဲ့ အင်းလေးဖောင်တော်ဦး ဘုရားဒေသစာရီကြွချီ အပူဇော်ခံပွဲကို ယနေ့ အောက်တိုဘာလ ၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

Photo - Al pauk
Photo - Al pauk
Photo - Al pauk

သို့ပေမယ့် ယခုနှစ်မှာတော့ ကပ်ဘေးကြောင့် ပွဲတော်မဖြစ်မြောက်နိုင်ခဲ့တာကြောင့် ရပ်ဝေးရပ်နီးမှဘုရားဖူးဧည့်သည်တွေနဲ့မဟုတ်ဘဲ ဒေသခံတွေနဲ့သာကျင်းပခဲ့ပါတယ်။ ဒါကြောင့် အရင်နှစ်တွေကလောက် လူစည်ကားခြင်းတော့မရှိတော့ပါဘူး။

Photo - Al pauk
Photo - Al pauk

အင်းလေးဖောင်တော်ဦးဘုရားဟာ ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်မှာ တည်ရှိပြီး နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက်ပွဲတော်တွေ ကျင်းပပြုလုပ်လေ့ရှိပါတယ်။ သမိုင်းဝင်အင်းလေး ဖောင်တော်ဦးဘုရားဒေသစာရီ ကြွလာတဲ့မြင်ကွင်းကို ဝင်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါဦးနော်။

Photo - Al pauk
Photo - Al pauk
Photo - Al pauk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။