YGW ပရိဟိတ မိဘမဲ့ကျောင်းလေးဟာ အနယ်နယ်အရပ်ရပ်မှ အကြောင်းအမျိုးမျိုးကြောင့် မိဘတွေမမွေးနိုင်တော့တဲ့ ကလေးငယ်လေးတွေကို တာဝန်ယူမွေးစားပေးနေတဲ့ မိဘမဲ့ ပရဟိတ ကျောင်းလေးတစ်ခုဖြစ်ပါတယ်။

Photo - YGW ပရဟိတမိဘမဲ့ကျောင်း

ဘဘုန်းတို့ကျောင်းမှာဆိုရင် ရက်သား ၊ လသား ၊ ကလေးငယ်လေးတွေ အပြင် ဆယ်ကျော်သက်အရွယ် ကလေးတွေပါ ရှိပါတယ်။ ဘဘုန်းတို့ပရဟိတ မိဘမဲ့ကျောင်းလေးဟာ ပဲခူးမြို့အလွန် တိုက်ကြီးမြို့ သနပ်ချောင်းရွာမှာ ရှိပြီးတော့ အေးချမ်းတဲ့သစ်ပင်ရိပ်လေးတွေနဲ့အရမ်းကို စိတ်ချမ်းသာဖို့ကောင်းတဲ့ နေရာလေးဖြစ်ပါတယ်။

Photo - YGW ပရဟိတမိဘမဲ့ကျောင်း
Photo - YGW ပရဟိတမိဘမဲ့ကျောင်း

ပြီးခဲ့တဲ့ ၄ ရက်နေ့တုန်းကလည်း ဘဘုန်းတို့ကျောင်းက ၁ လနှင့် ၁၀ ရက်အရွယ်သာရှိသေးတဲ့ သားတော်မောင်လေးတစ်ယောက်ကို ထပ်မံမွေးစားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

Photo - YGW ပရဟိတမိဘမဲ့ကျောင်း

ဘဘုန်းတို့မိဘမဲ့ကျောင်းက ကလေးလေးတွေအားလုံးဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အပြုံးလေးတွေရှိကြတဲ့ကလေးလေးတွေပါ။ YGW ပရဟိတမိဘမဲ့ကျောင်းက ချစ်ဖို့ကောင်းတဲ့ ကလေးလေးပုံလေးတွေကိုပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ်နော်။

Photo - YGW ပရဟိတမိဘမဲ့ကျောင်း
Photo - YGW ပရဟိတမိဘမဲ့ကျောင်း
Photo - YGW ပရဟိတမိဘမဲ့ကျောင်း
Photo - YGW ပရဟိတမိဘမဲ့ကျောင်း
Photo - YGW ပရဟိတမိဘမဲ့ကျောင်း

ပုံလေးတွေကြည့်ပြီး လှူချင်လာရင်လည်း ဘဘုန်းတို့ရဲ့ YGW ပရဟိတမိဘမဲ့ကျောင်း လူမှုကွန်ရက်စာမျက်နှာလေးမှာသွားရောက်လှူဒါန်းနိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။