စက်တင်ဘာလ၂၀ရက်နေ့တုန်းက ရှမ်းပြည်နယ်၊ကျောက်မဲမြို့မှာ ရေကြီးမှုဖြစ်ခဲ့ပါတယ်။ရေကြီးမှုကြောင့်လူအများဒုက္ခရောက်ခဲ့ကြရပြီး အဲဒီအထဲမှာ တစ်ကိုယ်တည်းနေထိုင်နေတဲ့ အသက်၈၀အရွယ် အဘွားဒေါ်သန်းလှိုင်လည်း ပါဝင်ခဲ့ပါတယ်။ အဘွားဒေါ်သန်းလှိုင်ဟာ ကျောင်းဆရာမဟောင်းတစ်ယောက်ဖြစ်ပြီး ရေတွေကြီးလာတုန်းက ၈ပေ အကျယ်လောက်ပဲရှိတဲ့ အခန်းကျဉ်းလေးထဲမှာပိတ်မိနေခဲ့သူပါ။ 

Photo - Local

အဘွားဒေါ်သန်းလှိုင်ကို ကျောက်မဲကြက်ခြေနီအဖွဲ့က ကယ်ဆယ်ခေါ်ဆောင်ထားပြီး လက်ရှိမှာဘိုးဘွားရိပ်သာပို့ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

Photo - Local 

အဘွားနေထိုင်ဖို့ ဆွေမျိုးတွေက အခန်းကျဉ်းလေးတစ်ခုသာ ပေးထားပါတယ်။ အဘွားရဲ့သားသမီးတွေအများစုဟာလည်း ဆုံးပါသွားကြပြီး တချို့ကိုလည်းဆက်သွယ်လို့မရပဲ ဖြစ်နေတယ်လို့သိရပါတယ်။ အဘွားဟာတစ်ယောက်တည်း နေထိုင်နေတဲ့သူ ဖြစ်တာကြောင့် အိမ်ထဲရေဝင်လာချိန်မှာ ဘယ်မှမသွားနိုင်ဘဲ ဘုရားစင်အမြင့်ပေါ်မှာ တတ်ထိုင်နေခဲ့ရတာဖြစ်ပါတယ်။

Photo - Local

အဘွားဒေါ်သန်းလှိုင်ဟာ ကျောင်းဆရာမတစ်ယောက်ဖြစ်ခဲ့ပေမယ့် လိုအပ်တဲ့အထောက်အထားအချက်အလတ်တွေ ပျောက်ဆုံးနေတာကြောင့် ပင်စင်ထုတ်ယူလို့မရဘဲ တပည့်ဟောင်းဖြစ်သူ ထောက်ပံ့တာလေးနဲ့ အသက်ဆက်နေရသူဖြစ်ပါတယ်။

Photo - Local

အဘွားမှာမြေးတွေရှိပေမယ့် ဆက်သွယ်လို့မရဖြစ်နေပြီး ဆွေမျိုးတွေကလည်း အဘွားကို မခေါ်ထားချင်ဘူးလို့သိရပါတယ်။ အဘွားအိမ် ရေဘေးသင့်တုန်းကလည်း ဘေးပတ်ဝန်းကျင်တွေက ကျောက်မဲကြက်ခြေနီအဖွဲ့ဆီအကြောင်းကြား ပေးတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဘွားကို တာဝန်ယူခေါ်ထားပေးမယ့်သူ မရှိတာကြောင့် ဘိုးဘွားရိပ်သာပို့ပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

Source - Shwe Phee Myay 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။