ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာမီးပွိုင့်မှာဒီကနေ့ညနေ၆နာရီခွဲအချိန်ခန့်ကခေတ်သစ်လူငယ်လူမှုကူညီရေးအဖွဲ့မှယာဉ်နှင့်အခြားယာဉ်တစ်စီးတို့မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ 

Photo - Khit Thit Luu Ngal

ခေတ်သစ်လူငယ်လူမှုကူညီရေးအဖွဲ့မှယာဉ်ကမီးစိမ်းကိုဖြတ်သွားစဉ်မျက်နှာချင်းဆိုင်ယာဉ်မှကွေ့ကြောကိုဖြတ်မောင်းလာရင်းယာဉ်တိုက်မှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင်ခေတ်သစ်လူငယ်လူမှုကူညီရေးအဖွဲ့မှပရဟိတလူငယ်များအားလုံးနှင့်တစ်ဖက်ယာဉ်မှလူများအားလုံးကြီးကြီးမားမားဒဏ်ရာမရရှိဘဲဒဏ်ရာအနည်းငယ်မျှသာရရှိသွားတယ်လို့ခေတ်သစ်လူငယ်လူမှုကူညီရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ယာဉ်တွေကတော့နှစ်ဖက်စလုံးတော်တော်လေးထိခိုက်ပျက်စီးသွားပါတယ်။ 

Photo - Khit Thit Luu Ngal
Photo - Khit Thit Luu Ngal
Photo - Khit Thit Luu Ngal
Photo - Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။