အခုလိုမိုးတွင်းကာလတွေမှာကားလမ်းတွေလမ်းချော်နေတာကြောင့် အထူးသဖြင့်တောင်တတ်လမ်းတွေမှာသေချာ သတိထားမောင်းကြရပါတယ်။ သတိထားမမောင်းရင် ဘယ်လောက်ကျွမ်းကျင်တဲ့ကားသမားဖြစ်ဖြစ်တစ်ချက်လေးသတိလွတ်သွားတာနဲ့ ယာဉ်အန္တရာယ်ဖြစ်တတ်ပါတယ်။

ဒီကနေ့နေ့လည် ၁၂ နာရီခွဲအချိန်ခန့်ကလည်း  စစ်ကိုင်းတောင်တတ်လမ်း ဥမင်(၃၀) အတတ်လမ်းမှာ ခရီးသည် ၁၅ ဦးတင်ဆောင်လာတဲ့ မော်တော် ကားတစ်စီးနောက်ပြန်လိမ့်ကျသွားခဲ့ပါတယ်။ ခရီးသည် ၁၅ ဦးထဲက အမျိုးသမီးတစ်ဦးကတော့ ချောက်ထဲထိပြုတ်ကျသွားခဲ့ပြီးချောက်ထဲကျသွားတဲ့အမျိုးသမီးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။

Photo - MFSD

ထိခိုက်ဒဏ်ရာရရှိသွားသူတွေက ယာဉ်မောင်းနှင့်အမျိုးသမီး နှစ်ဦးဖြစ်ကြပြီး လက်ရှိမှာတော့ ကုတင် (၂၀၀) ဆန့်ပြည်သူ့ဆေးရုံကြီးကိုပို့ထားတယ်လို့သိရပါတယ်။အခြားခရီးသည်တွေကတော့ထိခိုက်မှုအနည်းငယ်သာရရှိသွားကြပြီး သေဆုံးသူမရှိဟုသိရပါတယ်။

Photo - MFSD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။